AD
AD
AD
play

 

ဒီနေ့ (ဖေဖော်ဝါရီလ ၁၄ ) ရက် မွန်းလွဲ ၁ နာရီ  ၄၄ မိနစ် အချိန်က နေပြည်တော်မြေငလျင်စခန်းကနေ အနောက်တောင်ဘက် မိုင် (၉၀) ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံအတွင်း ( ပြည်မြို့၏ အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာ) မြေအောက် အနက် (၈၀) ကီလိုမီတာကို ဗဟိုပြုပြီးအင်အား ရစ်တာစကေး (၄.၉)အဆင့်ရှိ အင်းအားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကို ရန်ကုန်မြို့နေ ပြည်သူတချို့ခံစားခဲ့ရပြီး ပြည်၊ ပန်းတောင်းနဲ့ ဥသျှစ်ပင်မြို့တွေမှာရှိတဲ့ ဒေသခံပြည်သူတွေ သိသိသာသာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

play

 

"ပထမတစ်ခါ ဖြူးမှာလှုပ်တဲ့ ငလျင်လောက်တော့ မပြင်းဘူး။ သိသာတယ်ဆိုယုံလေးပဲ။ တချို့တွေဆိုရင် သိတောင်မသိလိုက်ဘူးလို့" ပြည်ဒေသခံတစ်ဦး ဖြစ်သူ ဦးစိန်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၂ ရက် မနက်ပိုင်းက ဖြူးမြို့အနောက်တောင်ဘက်ကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကာ နောက်ဆက်တွဲငလျင်တွေ မကြာခဏလှုပ်ခဲ့ပြီး သုံးရက်အတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင် ကိုးကြိမ် လှုပ်ခတ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD