AD
AD
AD
play

 

ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၀ နာရီခန့်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ရေချောင်းဘိုကျေးရွာမှာ အသက်နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါကလေးငယ် သေဆုံးသွားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ရေချောင်းဘို ကျေးရွာမှာရှိတဲ့ ငှက်ပျောစိုက်ခင်းရဲ့ အရှေ့ဘက်ကန်သင်းရိုးစပ်မှာ အသက်နှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဖြိုးထက်အောင် (၂၅)နှစ်က သားမယားပြုကျင့်နေတာကို ဒေါ်သီး(စိစစ်ဆဲ)မှ တွေ့ခဲ့လို့ အော်ဟစ်ပြောဆိုတုန်းမှာ ဖြိုးထက်အောင်ဆိုသူက ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ်ကို မွန်းလွဲ ၁၂ နာရီခွဲ အချိန်မှာ မတ္တရာဆေးရုံသို့ တင်ပို့ကုသနေတုန်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ တရားခံဖြိုးထက်အောင်ကို ဒီနေ့ (ဖေဖော်ဝါရီလ ၁၄) ညနေ သုံးနာရီမှာ ဖမ်းဆီးရမိခဲ့ပြီး ရေနံ့သာနယ်မြေရဲစခန်းက (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂(မုဒိမ်းမှု/လူသတ်မှု) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD