AD
AD
AD
play

 

စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်ဘူတာနဲ့ ကြည့်မြင်တိုင်ဘူတာကြား မြို့ပတ်ရထား လမ်းဘေးမှာ အရွယ်မရောက်သေးတဲ့ အသက်လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သားမယားအဖြစ် ပြုကျင့်ခဲ့တဲ့သူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က တစ်လအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အသက် (၄) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သူက ကလေးငယ်ရဲ့ မိဘတွေနဲ့ရင်းနှီးသူ (၄၈) နှစ်အရွယ် ကိုကိုနိုင်ဆိုသူ ဖြစ်နိုင်လို့ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေရာ မတ်လ ၂ ရက် မွန်းလွဲ ၃ နာရီခွဲမှာ ပန်းဘဲတန်းမြို့နယ် ဘုရားလမ်းဘူတာမှာ ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်.

ဖမ်းမိချိန်မှာ Caverta အမျိုးအစား ကာမအားတိုးဆေး လေးလုံးပါတစ်ကတ်၊ Drx 100 စာတန်းပါ တစ်ကတ်ကို လေးလုံးပါရှိတဲ့ အပြာ ရောင်ကာမ အားတိုးဆေးသုံးလုံး၊ ကာမစပ်ယှက်ရာမှာ အချိန်ကြာမြင့်စေဖို့ အသုံးပြုရတဲ့ ပန်းရောင်နဲ့ အဝါရောင် လိမ်းဆေးတောင့် သုံးတောင့်တို့ကို တွေ့ရှိခဲ့တယ်လို့  ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ဆေးမှုတွေအရ ကိုကိုနိုင် (ခ) ကိုနိုင်က အဓမ္မပြုကျင့်ခံရတဲ့ကလေးငယ်ရဲ့ ဖခင်နဲ့ အရက်သေစာမကြာခဏအတူသောက်စားလေ့ရှိပြီး အခင်းဖြစ်ပွားတဲ့နေ့မှာ ဘုရားလမ်းဘူတာမှ ပန်းလှိုင်ဘူတာသို့ရောက်ရှိခဲ့ပြီး ကာမအားတိုးဆေးနဲ့ အရက်သောက်ခဲ့ပြီး ကြည့်မြင်တိုင် ဘူတာဘက်ကို ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၁ နာရီကျော်လောက်မှာ ပန်းလှိုင်ဘူတာကို ပြန်ရောက်လာပြီး ပန်းလှိုင်ဘူတာ ဂုံးတံတားအောက်၌ လူကြီးတွေမရှိဘဲ ကလေးငယ်သုံးဦး အိပ်ပျော်နေတာကို တွေ့ရှိခဲ့ရလို့ အစွန်ဆုံးမှာ အိပ်ပျော်နေတဲ့ မိန်းကလေးငယ်ကို ပွေ့ချီကာ ကြည့်မြင်တိုင်ဘူတာဘက်ကို ခေါ်ဆောင်လာပြီး
ခတ္တာဂုံးကျော်တံတားနားက အုတ်တံတိုင်းဘေးကို ခေါ်ဆောင်ကာ သားမယားအဖြစ်ပြုကျင့်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ပြစ်မှုကျုးလွန်သူက ၂၀၀၉ ခုနှစ်မှာ ကြည့်မြင်တိုင်မီးရထား ဘူတာရုံမှာ အရက်မူးဆဲဆိုခဲ့လို့ ရန်ကုန် ရဲအက်ပုဒ်မ ၄၁ နဲ့ ထောင် ၇ ရက်ကျ
ဖူးကာ ၂၀၀၁ ခုနှစ်မှာလည်း လှည်းကူးမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၂၄ နဲ့ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (င) နဲ့ ထောင်ဒဏ် 
၁ နှစ်ကျခံဖူးတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စမ်းချောင်းမြို့မ ရဲစခန်းက ကိုကိုနိုင်(ခ) ကိုနိုင်ဆိုသူကို (ပ) ၄၆ / ၂၀၁၈၊ ရာဇသတ်ကြီး
ပုဒ်မ ၃၇၆ / ၃၂၅ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Photo : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD