AD
AD
AD
play

 

မတ်လ ၄ ရက်နေ့ ည ၁၁ နာရီလောက်က ရခိုင်ပြည်နယ်၊ သံတွဲမြို့ကနေ စစ်တွေမြို့ကိုမောင်းနှင်လာတဲ့ ရခိုင့်အားမာန်အမြန်ယာဉ်က မအီနဲ့အမ်းမြို့ကြား အမ်းမြို့ရောက်ခါနီး ခြောက်မိုင်ခန့်အလိုမှာ တောင်အတက်မှာ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကို ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရခိုင်အားမာန်အမြန်ယာဉ်မှာ ခရီးသည်လေးဆယ်ကျော်လိုက်ပါလာကြပြီး ငါးဦးသေဆုံးကာ ၁၁ ဦးက ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အမ်းမြို့နယ် ပြည်သူ့ဆေးရုံကနေ သိရပါတယ်။

play

 

သေဆုံးသူငါးဦးက အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦးနှဲ့ ကလေးတစ်ဦးတို့ဖြစ်ပြီး အမျိုးသားငါးဦးနဲ့ အမျိုးသမီးခြောက်ဦးတို့က အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရတဲ့ အပြင်၊ အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၉ ဦးတို့က ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပါတယ်။

play

 

မော်တော်ယာဉ်ပြုတ်ကျခဲ့တဲ့ ချောက်အနက်က ပေ ၄၀၀ ကျော် ၅၀၀ နီးပါးရှိပြီး ဒဏ်ရာရတဲ့ သူတွေကို တစ်ညလုံးကြိုးတွေနဲ့ ဆွဲတင်ပြီး အမ်းမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတာ ဖြစ်ပါတယ်။

Photos : Tin Min Min Phyo,Han Min Hlaing Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD