AD
AD
AD
play

 

ကရင်ပြည်နယ်၊ နောင်ပလိန်ကျေးရွာအုပ်စု၊ တံတားဦးကျေးရွာနားက တောင်ဝိုင်းတောင်ခြေမှာ မတ်လ ၄ ရက်နေ့ မနက် ၁၁ နာရီလောက်က လူငယ်စုံတွဲနှစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နောင်ပလိန် ကျေးရွာအုပ်စု တံတားဦးကျေးရွာနေ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက မတ်လ ၃ ရက်နေ့ ညနေပိုင်းမှာ ရည်းစားဖြစ်သူ နောင်ပလိန် ကျေးရွာအုပ်စု၊ နောင်ဖလဲကျေးရွာနေ ၁၇ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးကို ပွဲကြည့်ဖို့ လာရောက်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် တစ်ညလုံး ပြန်ရောက်မလာဘဲ မတ်လ ၄ ရက်နေ့ ၁၁ အချိန်လောက်မှာ တောင်ဝိုင်းတောင်ခြေရှိ သေဆုံးသူ လူငယ်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်အော်လေးမြိုင်ရဲ့ တောင်ဝိုင်းတောင်ခြေရှိ ဈေးဆိုင်ထုတ်တန်းမှာ ငါးမူးလုံးခန့်ရှိ နိုင်လွန်ကြိုးနဲ့ နှစ်ဦးလုံး ချည်နှောင်ကာ ကြိုးဆွဲချသေဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က နယ်မြေခံရဲစခန်းကို သတင်းပို့ အကြောင်းကြားပြီး နယ်မြေခံရဲစခန်းမှ လိုအပ်သောစစ်ဆေးမှုများပြုလုပ်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : ဘားအံသတင်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD