AD
AD
AD
play

 

၂၀၁၅ ခုနှစ်ကတည်းက ဖော်ဆောင်ခဲ့တဲ့ ကျန်းမာရေးအာမခံကို ၂၀၁၈ ခုနှစ်မှာ အမျိုးအစားအသစ်အနေနဲ့ ပြန်လည်ရေးဆွဲနေပြီး လာမယ့် ဧပြီလမှာ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ မြန်မာ့အာမခံလုပ်ငန်းကနေ သိရပါတယ်။ အဆိုပါကျန်းမာရေးအာမခံအသစ်ရဲ့ အာမခံကြေးကို ကျပ်ငါးထောင်အထိ လျော့ချသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ကျန်းးမာရေးအာမခံတစ်စောင်ကို ကျပ်ငါးသောင်းဝန်းကျင်နှုန်းထားနဲ့ အသက်အရွယ်ပေါ်မူကာ ဆောင်ရွက်နေတာဖြစ်ပြီး ဆေးရုံတက်တယ်ဆိုရင် တစ်ရက်ကို ကျပ်နှစ်သောင်းနှုန်းနဲ့ ရက်ခြောက်ဆယ်အထိ အာမခံကြေးပေးလျော်တဲ့စနစ်ကို ကျင့်သုံးနေတာလည်း ဖြစ်ပါတယ်။

"ကျွန်တော်တို့လက်ရှိမှာတော့ ဒီအာမခံလုပ်ဖို့အတွက်ကို ဆွေးနွေးဆဲအဆင့်ပဲရှိနေသေးတာကြောင့် လာမယ့် ဧပြီလလောက်မှာတော့ သတင်းစာရှင်းလင်းပွဲလုပ်သွားဖို့ရှိပါတယ်”လို့ မြန်မာ့အာမခံလုပ်ငန်းက အထွေထွေမန်နေဂျာဦးခင်မောင်ဝင်းကပြောပါတယ်။

play
မြန်မာ့အာမခံလုပ်ငန်း ရုံးချုပ်မြင်ကွင်း။

 

လက်ရှိလုပ်ဆောင်နေတဲ့ ကျန်းမာရေးအာမခံစနစ်ကို ပြည်သူအများသိရှိမှု နည်းပါးနေသေးလို့ အမျိုးအစားသစ်ကို ပြောင်းလဲသတ်မှတ်မှာဖြစ်ပြီး လာမယ့် ဘဏ္ဍာနှစ်မှာ စတင်လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်

အဆိုပါ အာမခံအမျိုးအစားသစ်ကို ပုံစံလေးမျိုးနဲ့စတင်ဖို့ ရည်ရွယ်ထားပြီး အခြေခံလူတန်းစားတွေဝယ်ယူနိုင်တဲ့ အမျိုးအစားတွေ၊ သက်ကြီးရွယ်အိုတွေထားရှိနိုင်တဲ့ အမျိုးအစာားတွေ၊ လူငယ်တွေထားရှိနိုင်တဲ့ အမျိုးအစားတွေ အပါအ၀င် လေးမျိုးနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုအသစ်ပြုလုပ်မယ့် အမျိုးအစားသစ်မှာ နိုင်ငံခြားကိုသွားရောက်ပြသမယ့် ဆေးခန်းပြသခွင့်တွေလည်း ပါဝင်အောင်ထည့်သွင်း ရေးဆွဲသွားမှာဖြစ်ပြီး မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ ပုဂ္ဂလိက အာမခံလုပ်ငန်းပေါင်း ၁၂ ခုကို လုပ်ကိုင်ခွင့်ပြု ထားတာပါတယ်။

Photos : GNLM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD