AD
AD
AD
play
ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ရခိုင်သင်္ကြန်ပွဲတော်မြင်ကွင်းတစ်ခု။

 

ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ဖို့နဲ့ ရခိုင်ရိုးရာသင်္ကြန်အငွေ့အသက်တွေ ပိုမိုခံစားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရခိုင်ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပလီကမ်းခြေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ရခိုင်ရိုးရာ အငွေ့အသက်တွေပါဝင်တဲ့ မဟာသင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပဖို့ စီစဉ်နေတာဖြစ်ပြီး ဒေသထွက်ကုန်ပြပွဲတွေ၊ ဒေသအစားအစာ ပြပွဲတွေ၊ အခြားဒေသထွက်ကုန်တွေကိုလည်း ခင်းကျင်းပြသသွားမယ်လို့ သိရပါတယ်။

ဒီသင်္ကြန်ပွဲတော်မှာ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ ၊ ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ်နဲ့ တခြားဖျော်ဖြေရေး အစီအစဉ်တွေကို ထည့်သွင်း ကျင်းပသွားမယ်လို့ ဆိုပါတယ်။

play
ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ရခိုင်သင်္ကြန်ပွဲတော်မြင်ကွင်းတစ်ခု။

 

“ပုံမှန်ဆိုရင်တော့ စစ်တွေတို့ သံတွဲတို့မှာဆိုရင် နှစ်စဉ်နှစ်တိုင်း ပြည်နယ်အဆင့် မဟာသင်္ကြန်ပွဲတော်တွေကို လုပ်ကြတယ်။ ဗဟိုမဏ္ဍပ်တွေမှာ ရခိုင်ပြည်နယ်အနှံ့က အဆိုတော်တွေ ၊ ယိမ်းအကတွေနဲ့ ဖျော်ဖြေကြတယ်။ နံသာသွေးပွဲတွေ လုပ်ကြတယ်။လောင်းလှေနဲ့ ရေပက်တဲ့ ပုံစံတွေ နဲ့ ရခိုင်မှာတော့ အဲဒီလို ဓလေ့လေးတွေရှိပါတယ်”လို့ ရခိုင်လူငယ်အဖွဲ့မှ ကိုဇေယျာလင်းက ဓူဝံကို ပြောပါတယ်။

ဒါ့အပြင် နေပြည်တော်မှာကျင်းပမယ့် ဒီနှစ်သင်္ကြန်မှာ ရခိုင်ရိုးရာသင်္ကြန်ကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းကျင်းသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတော့ နှစ်စဉ်နှစ်တိုင်း သုဝဏ္ဏကွင်းမှာ ရခိုင်ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပလေ့ရှိပြီး ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားတွေ အများအပြား ပါဝင်ဆင်နွဲလေ့ ရှိပါတယ်။

Photos : Nay bone Latt Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD