AD
AD
AD
play

လာမယ့် မတ်လ ၂၃ ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၇ နှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို တက်ရောက်သတင်းရယူမယ့် အွန်လိုင်းမီဒီယာတွေကို ၀င်ကြေးကျပ်ငါးသိန်းကောက်ခံသွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြေညာလိုက်ပါတယ်။

မတ်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲ သတင်းရယူခွင့်နဲ့ ပတ်သတ်ပြီးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ပုံနှိပ်မီဒီယာတစ်ခုကို နှစ်ဦးသတင်းရယူခွင့်ပြုမှာဖြစ်ပြီး အွန်လိုင်းမီဒီယာတွေကိုတော့ ငွေကျပ်ငါးသိန်းပေးသွင်းပြီး နှစ်ဦးဝင်ရောက်ခွင့်ပေးမယ်လို့ ဆိုပါတယ်။

play

"အွန်လိုင်းမီဒီယာတွေက ငါးသိန်းပေးသွင်းရမယ်။ အရုပ်မပါတဲ့ FM လိုင်းတွေကတော့ သုံးသိန်းပါ။ ဒါတွေက ရုပ်ရှင်သက်ကြီးတွေအတွက် ထောက်ပံ့ပေးဖို့အတွက်ပါ။ လောလောဆယ်တော့ လာလျှောက်ထားတာ ၂၀ ကျော်လောက်တော့ရှိပြီ။ ဒါတွေကို ပြန်ပြီး စိစစ်ဦးမှာပါ" မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပ-ဥက္ကဌ ဦးအေးကြူလေးက ဓူဝံကို ပြောပါတယ်။

ပြည်တွင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အွန်လိုင်းမီဒီယာ ၉၀ ကျော်ရှိပြီး လျှောက်လွှာတင်ထားတဲ့ အွန်လိုင်းမီဒီယာထဲကနေ ပြန်လည်စိစစ်ပြီး ခွင့်ပြု သွားမယ်လို့ ဦးအေးကြူလေးပြောပါတယ်။ ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့မှာ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar Event Park မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး အကယ်ဒမီစာရင်းဝင် ဇာတ်ကား ၅၃ ကားထဲက ရွေးချယ်ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD