AD
AD
AD
play

လာမယ့် သင်္ကြန်တွင်းမှာ ဖျှော်ဖြေတင်ဆက်မယ့် သီချင်းတွေ၊ သံချပ်စာသားတွေကို မတ်လ ၂၈ ရက်နေ့နောက်ဆုံးထားပြီး တင်ပြရမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက မတ်လ ၁၄  ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည့်တံခိုင်မြဲရေးကို ထိခိုက်မှုမရှိစေဖို့နဲ့ ဘာသာရေး၊ လူမျိုးရေး ထိခိုက်စေမယ့် အသုံးအနှုန်းတွေ မပါဝင်စေဖို့နဲ့ နိုင်ငံတော်၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမယ့်အကြောင်းအရာတွေ၊ ရိုင်းပြတဲ့ အသုံးနှုန်းဟန်အမူအရာတွေ မပါဝင်စေဖို့ အခုလိုကြေညာချက်ထုတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

play
Photos : Ei Mon Mon Khing

 

"တင်ဆိုတော့လည်း တင်ရမှာပေါ့၊ မနှစ်ကလည်းတင်ခိုင်းတာပဲလေ၊ ဒါနဲ့ပတ်သက်ပြီးဘာမှတော့ မပြောချင်ပါဘူး၊ အရေးကြီးတာလေးတွေ မလုပ်ဖို့ အဲလောက်ပဲတားတာပါ။ ကျန်တာတွေ ဘာမှမတားပါဘူး"လို့ သင်္ကြန်အတွက် သံချပ်တိုက်နေတဲ့ သရုပ်ဆောင်ဗေလုဝက ဓူဝံ မီဒီယာကို ပြောပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိပြုလုပ်မယ့် သင်္ကြန်ပွဲတော်မှာ စီးပွားဖြစ်မဏ္ဍပ်တွေပြန်လည်ခွင့်ပြုမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သင်္ကြန်မဏ္ဍပ်ဆောက်လုပ် ခွင့်လျှောက်လွှာတွေကို ရန်ကုန်မြို့တော်ခန်းမမှာ စတင်ထုတ်ပေးနေပြီ ဖြစ်ပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတင်းအတိအကျ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD