AD
AD
AD
play

 

မန္တလေးတိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ မတ်လ ၁၇ ရက်ကစပြီး အချိန်အခါမဟုတ် မိုးရွာနိုင်ကာ လေပြင်းအန္တရာယ် သတိပြုနေထိုင်ဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

"နွေရာသီရောက်လာပြီး နေ့အပူချိန်တွေမြင့်တက်လာတာကြောင့် အပူပြန်တဲ့တိမ်တွေဖြစ်ထွန်းပြီး မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်တောင် ဖြစ်ထွန်းပြီး လေပြင်းတိုက်ခတ်တာ၊ မိုးရွာသွန်းတာ၊ မိုးသီးကြွေတာနဲ့ မိုးကြိုးပစ်တဲ့ဖြစ်စဉ်တွေ ဖြစ်နိုင်လို့ ပူပြင်းတဲ့နွေရာ သီကာလတွေမှာ သတိပြုသင့်ပါတယ်"လို့ မိုးဇလညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဓူဝံကို ပြောပါတယ်။

လာမယ့် မတ်လ ၁၆ ရက်ကနေ ၁၉ ရက်အတွင်း မြန်မာနိုင်ငံအထက်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တွေမှာ နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ကျား မိုးထစ်ချုပ်ရွာနိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကနေ ၁၃ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းပေါ်ခဲ့ကာ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့မှာ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD