AD
AD
AD
play
လျှပ်စစ်မီတာသုံးစွဲခက (၁)ယူနစ်ကနေ (၁၀၀)ယူနစ်အထိ တစ်ယူနစ်သုံးစွဲခ(၃၅)ကျပ် သတ်မှတ်ထားတာပါ။

 

ပြည်တွင်းမှာ သုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အားခတွေကို ကျေးလက်၊ မြို့ပြ၊ ပုံမှန်နဲ့ စက်မှုသုံးဆိုပြီး ပုံစံလေးမျိုးနဲ့ကောက်ခံတာကို ဧပြီလ ၁ ရက်နေ့မှာ စတင်အသုံးပြုသွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့  သတင်းစာရှင်းလင်းပွဲမှာ လျှပ်စစ်ဝန်ကြီးက အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ မီတာစနစ်က အကုန်အကျများနေလို့ မီတာလေးမျိုးတပ်ဆင်တဲ့ စနစ်ကို ပြောင်းလဲသုံးစွဲဖို့ စီစဉ်ခဲ့တာဖြစ်ပြီး လျှပ်စစ်သုံးစွဲမှုအများဆုံးဖြစ်တဲ့ ကျေးလက်ဒေသတွေကို စဉ်းစားပြီး ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ပြောင်းလဲကောက်ခံမယ့် မီတာခတွေဘယ်လိုသတ်မှတ်မလဲဆိုတာကိုတော့ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

play

 

ကျေးလက်တွေမှာ ယူနစ်သုံးစွဲမှုက အနည်းစုဖြစ်လို့ မီတာယူနစ် ရာချီသုံးစွဲသူတွေနဲ့  တန်းတူပေးရရင် မမျှတတာကြောင့် မီတာလေးမျိုးသုံးစွဲမှု ကို ကမ္ဘာ့ငွေကြေးအကူအညီနဲ့ စတင်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ လျှပ်စစ်မီတာခတွေကို (၁)ယူနစ်ကနေ (၁၀၀)ယူနစ်အထိ တစ်ယူနစ်သုံးစွဲခ(၃၅)ကျပ်၊ ယူနစ်(၁၀၀)ကနေ ယူနစ်(၂၀၀)အထိ တစ်ယူနစ်သုံးစွဲခကျပ်(၄၀)နဲ့ ယူနစ် (၂၀၀)အထက်ကိုတော့ တစ်ယူနစ် သုံးစွဲခ ကျပ်(၅၀)ကောက်ခံနေတာဖြစ်ပြီး လုပ်ငန်းသုံးမီတာခကတော့ (၁)ယူနစ်ကို (၇၅)ကျပ် ကောက်ခံ နေတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းလျှပ်စစ်ကဏ္ဍအတွက်လည်း ပြည်ထောင်စုအစိုးရက နှစ်စဉ် ကျပ် ၄၅၀ ဘီလီယံခန့် စိုက်ထုတ်သုံးစွဲနေရတာကြောင့် လျှပ်စစ်မီတာခတွေကို တိုးမြှင့်သင့်တယ်လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောထားဘူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD