AD
AD
AD
play

 

နေပြည်တော်ကောင်စီဝင်တစ်ဦးဖြစ်သူ ဦးတင်ထွဋ်ကို ရာထူးတာဝန်ကနေ ရပ်စဲလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက မတ် ၁၅ ရက်နေ့စွဲနဲ့ အမိန့်စာ ထုတ်ပြန်လိုက်ပါတယ်။

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၃)(ကက)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၃၊ ပုဒ်မခွဲ (က) နှင့် နေပြည်တော်ကောင်စီဥပဒေပုဒ်မ ၂၀၊ ပုဒ်မခွဲ (က)တို့ပါ ပြဋ္ဌာန်းချက်များအရ နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်ကို တာဝန်မှရပ်စဲလိုက်သည်"လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရာထူးတာဝန်ကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ ဖော်ပြထားတာမရှိပါဘူး။ ဒါ့အ့ပြင် ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး  ဦးမင်းအောင်ရဲ့ နေရာမှာ ဦးဝင်းမြင့်ကို ခန့်အပ်လိုက်တယ်လို့  သမ္မတရုံးက သီးခြားအမိန့် စာ ထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD