AD
AD
AD

play

 

၂၀၁၈ ခုနှစ်သင်္ကြန်ပွဲတော်အတွက် စီးပွားဖြစ် မဏ္ဍပ်တွေကို ပြန်လည် ဆောက်လုပ်ခွင့်ပေးတော့မှာဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်၊ စတုဒီသာမဏ္ဍပ်တွေနဲ့ ရန်ကုန်သင်္ကြန်ကို စည်စည်ကားကား ပြန်လည် ကျင်းပမယ်လို့ သိရပြီးမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပတဲ့ အစီအစဉ်တွေကို မတ်လ ၁၄ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး မဏ္ဍပ်လျှောက်ထားသူတွေ လိုက်နာရမယ့် အချက်၊ စတုဒီသာ၊ လမ်းလျှောက်သင်္ကြန်ကျင်းပမယ့်နေရတွေ၊ ရေပက်ခံ လမ်းကြောင်းတွေကို ထုတ်ပြန်ထားကာ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်တွေ ချထားပေးနေပြီလို့ သိရပါတယ်။

play

 

မဏ္ဍပ်ဆောက်လုပ်ဖို့အတွက် ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းတို့ကို ခွင့်ပြုထားတာမရှိသလို လမ်းအလိုက် ခွင့်ပြုနိုင်တဲ အရေအတွက်ထက် ပိုမိုလျောက်ထားလာရင် အရင်ဆုံးလာရောက်လျှောက်ထားသူကို ဦးစားပေး နေရာချထားပေးမယ်လို့ ဆိုပါတယ်။

ဒီနှစ်သင်္ကြန်ကာလမှာ မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးမြေပဒေသာကျွန်း၊ ကန်တော်မင်ပန်းခြံနဲ့ သခင်မြပန်းခြံတို့မှာ စတုဒီသာကျွေးမွေးပြီး လမ်းလျှောက်သင်္ကြန်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ၂၀၁၆ ခုနှစ်ကစပြီး စီးပွားဖြစ်မဏ္ဍပ်ဆောက်လုပ်ခွင့်ကို တားမြစ်ထားပြီး ဒီနှစ်မှ ပြန်လည်ခွင့်ပြုတာဖြစ်သလို လမ်းလျှောက် သင်္ကြန်ကိုလည်း ပထမဆုံးကျင်းပဖို့ စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။

Photos : Cocacola Myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD