AD
AD
AD

play

 

မတ်လ ၁၅ ရက် ည ၁၁ နာရီကျော်အချိန်လောက် မှာ တမူးမြေငလျင်စခန်းက အရှေ့တောင်ဘက် ၄၈ မိုင်ခန့်ကွာဝေးးပြီး မော်လိုက်မြို့ အရှေ့ဘက် ၁၉ မိုင်ခန့်အကွာမှာ အင်အား ၄ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မော်လိုက်အနီး မြန်မာနိုင်ငံ အနောက်မြောက်ဘက်အခြမ်းမှာ ဖြစ်ပွားခဲ့ပြီး အိန္ဒိယမြေထုချပ်နဲ့ မြန်မာမြေထုချပ် ပွတ်တိုက်ရွေ့လျားမှုကြောင့်လို့ မြေငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးကပြောပါတယ်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလကနေ ယခု အချိန်ထိ ပြည်တွင်းမှာငလျင်လှုပ်ခတ်မှု ပေါင်း ၅၃ ကြိမ်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ အနောက်မြောက် ဘက်ခြမ်းတွေမှာ အကြိမ်ရေတွက်အများဆုံး လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်တို့မှာ လှုပ်ခတ်မှု ပိုများခဲ့တယ်လို့ ဆိုပါတယ်။

play

 

အိန္ဒိယမြေထုချပ်နဲ့ မြန်မာမြေထုချပ်ပွတ်တိုက်ရွေ့လျားမှုနဲ့ စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင်လှုပ်ခတ်မှုက အများဆုံးဖြစ်ပွားနေတယ်လို့ မြေငလျင်ဌာနခွဲကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ဒုတိယပတ်လောက်က နေပြည်တော်မှာ ငလျင် လှုပ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ အကြားစိုးရိမ်ပူပန်မှုတွေရှိခဲ့ပါတယ်။

“ငလျင်လှုပ်တာ သိသာတယ်။ ကျမတို့ အိမ်တစ်ခုလုံး ရမ်းခါးသွားတယ်။ စာအုပ်စင်ပေါ်က စာအုပ်တွေတောင် ပြုတ်ကျတယ်” လို့ နေပြည်တော်မှာ နေထိုင်သူတဲ့ ရုံးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မတ်လ ၈ ရက်ကလည်း အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ပြီး ဒေသခံတွေလည်း ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မတ်လ ၁၁ ရက်နေ့မှာ နေပြည်တော်မှာတင် ရစ်ခ်ျတာစကေး ၃ ဒသမ ၈ အဆင့် အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD