AD
AD
AD
play
မတ်လ ၃ ရက်နေ့က မိုင်းရှုးမြို့တွင် မိုးသီးများကြွေကျခဲ့သည့် မြင်ကွင်း။

 

နွေရာသီမှာ နေ့အပူချိန် မြင့်မားမှုကြောင့် မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ လေတွေကတစ်ဆင့် မိုးတိမ်တောင်တွေ ဖြစ်ပွားပြီး လေပြင်းတိုက်ခတ်တာ၊ မိုးရွာသွန်းပြီး မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာတွေ ကြုံရနိုင်တယ်လို့  မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။

ဒီလိုဖြစ်စဉ်တွေကို နွေရာသီရောက်တိုင်း ကြုံတွေ့နေရပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံမှာ အပူချိန် အမြင့်မားဆုံး ဖြစ်ပွားခဲ့ကာ ဒီခုနှစ်နွေရာသီမှာတော့ လာနီညာရဲ့ သက်ရောက်မှုကြောင့် အရင်နှစ်တွေကလောက် အပူချိန်မြင့်မားမှာ မဟုတ်ဘူးလို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဓူဝံကို ပြောပါတယ်။

“နှစ်တိုင်းမှာ လေပြင်းတိုက်၊ မိုးသီးကြွေတာတွေ ဖြစ်ခဲ့တယ်။၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မိုးသီးအကြီးတွေ ကြွေကျမှုကြောင့် လုတွေ၊ တိရစ္ဆာန်တွေ၊ အဆောက်အဦးတွေ ပျက်စီးခဲ့တယ်။ ကျန်တဲ့နေရာတွေမှာ လည်း မိုးကြိုးပစ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ လေပြင်းတိုက်လို့ အမိုးလန်တာ၊ သစ်ကိုင်းပြိုကျတာတို့ ရှိခဲ့တယ်။ ဒါကြောင့် သတိထားဖို့ လိုတယ်”လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

play
မတ်လ ၃ ရက်နေ့က မိုင်းရှုးမြို့တွင် မိုးသီးများကြွေကျခဲ့သည့် မြင်ကွင်း။

 

လေပြင်းတိုက်၊ မိုးကြိုးပစ်တဲ့ သဘာဝဘေးဖြစ်စဉ်တွေက မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ပိုများနေပြီး အပူချိန် အမြင့်ဆုံးဖြစ်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်တွေမှာ မြစ်ဝကျွန်းပေါ်ဒေသတွေမှာလည်း ကြုံလာခဲ့ရတယ်လို့ ဆိုပါတယ်။

နွေရာသီမှာ ဖြစ်ပေါ်တတ်တဲ့ သဘာဝဘေးတွေကြောင့် ထိခိုက်ပျက်စီးတာတွေရှောင်ရှားနိုင်ဖို့ မိုးခြိမ်း၊ လျှပ်စီးလက်နေချိန်မှာ လယ်ကွင်းပြင်တွေမှာ ရှိနေရင် အတတ်နိုင်ဆုံး သတိထားဖို့၊ ဖုန်းအသုံးပြုတာတွေ မပြုလုပ်ဖို့၊ လျှပ်စစ်မီးခလုတ်တွေ ပိတ်ထားဖို့နဲ့ ၊ ကြံ့ခိုင်မှုအားနည်းတဲ့ တဲအိမ်တွေကို ဒေါက်ထောက်တာတွေလုပ်ဖို့ လူကယ်ပြန်ဝန်ကြီးဌာနက အသိပေးချက် ထုတ်ပြန်ထားပါတယ်။

Photos : Zin Moe Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD