AD
AD
AD
play

 

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှပေးအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာဆု (2018 Schuman Award for Human Rights) ကို ကိုဆွေဝင်းအပါအ၀င် မြန်မာနိုင်ငံကသုံးဦးကို ပေးအပ်ခဲ့တယ်လို့ EU က မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

“မြန်မာနိုင်ငံဟာ ၁၉၄၈ ခု အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းကို ထူထောင်ခဲ့ကြတဲ့နိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ နှစ်ပေါင်းခုနှစ်ဆယ်ကြာမြင့်ခဲ့ပေမဲ့လည်း မြန်မာနိုင်ငံမှာသာမက ကမ္ဘာအစိတ်အပိုင်းတော်တောများများမှာပါ လူ့အခွင့်အရေးကို ရရှိခံစား ရတယ်လို့ မှတ်ယူလို့မရသေးပါဘူး။ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အတွက်တိုက်ပွဲဝင်နေကြတဲ့ တက်ကြွ လှုပ်ရှားသူများနဲ့ သတင်းသမားတွေဆိုတာ ဒီမိုကရေစီရဲ့ ကျောရိုးပဲ ဖြစ်ပါတယ်” လို့ အီးယူသံအမတ်ကြီး Kristian Schmidt က ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ ပြောခဲ့ပါတယ်။

အဆိုပါဆုကို မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်မြှင့်တင်ရာမှာ ထူးချွန်ထင်ရှားစွာဆောင်ရွက်ခဲ့တဲ့သူတွေဖြစ်တဲ့ ချင်းပြည်နယ်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သူ မ Cherry Zahau ၊ Myanmar Now သတင်းဌာနရဲ့အယ်ဒီတာချုပ်ကိုဆွေဝင်းနဲ့ မွန်ပြည်နယ်က အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူ ဒေါ်ခင်သန်းထွေးတို့ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

ကိုဆွေဝင်းက စုံစမ်းရေးသတင်းပညာကို အသုံးပြုပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်တာ၊ မြန်မာနိုင်ငံမှာလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိရေးအတွက် လုပ်ဆောင်မှုတွေကြောင့်ပေးအပ်တာဖြစ်ပြီး ဒေါ်ခင်သန်းထွေးကိုတော့ ကျား/မ အခြေပြု အကြမ်းဖက်မှု ဒဏ်ခံရမှုတွေက ကျန်ရစ်ခဲ့သူတွေကို ပံ့ပိုးကူညီပြီး အမျိုးသမီးအခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရာမှာ သူမတူအောင် စွမ်းဆောင် ခဲ့တာကြောင့် အခုလိုပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

ချင်းပြည်နယ်က မ Cherry Zahau ကိုလည်း လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ စွမ်းဆောင်ချက်တွေကြောင့်ပေးအပ်ခဲ့တာဖြစ်ပြီး အများပြည်သူက ရွေးချယ်ထားတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ လူမှုဝန်ထမ်းတွေ၊ သတင်းထောက်တွေ၊ ရှေ့နေနဲ့ သုတေသီတို့က ရွေးချုယ်ပေးကာ အီးယူနိုင်ငံက သံအမတ်ကြီးတွေပါဝင်တဲ့ ကော်မတီတစ်ရပ်က ရွေးချယ်တာဖြစ်ပါတယ်။

အဆိုပါ လူ့အခွင့်အရေးဆုကို ၂၀၁၇ က စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၊ Equality Myanmar က ဦးအောင်မျိုးမင်းတို့က ရရှိထားဘူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD