AD
AD
AD
play
မြန်မာနိုင်ငံအထက်ပိုင်းတွင် တိမ်အသင့်တင့်ဖြစ်ထွန်းနေသည်ကို မိုးလေ၀သဂြိုဟ်တုမှ တွေ့ရစဉ်။

 

လာမယ့် မတ်လ ၁၆ ရက်ကနေ ၁၉ ရက်အတွင်း မြန်မာနိုင်ငံက ပြည်နယ်နဲ့တိုင်းကိုးခုမှာ နေရာကွက်ကြားမိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါတယ်လို့ ဆိုပါတယ်။

"နွေရာသီရောက်လာပြီး နေ့အပူချိန်တွေမြင့်တက်လာတာကြောင့် အပူပြန်တဲ့တိမ်တွေဖြစ်ထွန်းပြီး မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်တောင် ဖြစ်ထွန်းပြီး လေပြင်းတိုက်ခတ်တာ၊ မိုးရွာသွန်းတာ၊ မိုးသီးကြွေတာနဲ့ မိုးကြိုးပစ်တဲ့ဖြစ်စဉ်တွေ ဖြစ်နိုင်လို့ ပူပြင်းတဲ့နွေရာ သီကာလတွေမှာ သတိပြုသင့်ပါတယ်"လို့ မိုးဇလညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဓူဝံကို ပြောပါတယ်။

လက်ရှိ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာတော့ နေပြည်တော်နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ မိုးဇလဦးစီးဌာနက ခန့်မှန်းထားပါတယ်။

Photo : DMH

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD