AD
AD
AD
play

 

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းနယ်မြေ ကန်ခါ(ကန်ခမ်)ဒေသက တစ်သုံးလုံး ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီလုပ်ကွက်ထဲမှာ မြေဇာပုံတစ်ခု မတ်လ ၁၆ ရက် ည ၁၁ နာရီလောက်က ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

play

 

မြေစာပုံပြိုကျမှုကြောင့် ရေမ​ဆေးရှာပြည်​သူ ၄၀ ကျော်၊ ကုမ္ပဏီမြေသယ်​ကားနှစ်စီးနဲ့ လုပ်​သား ၂၀ ​ကျော်​ မြေစာပုံပြိုကျတဲ့ အထဲပါသွားပြီး သေဆုံးသူအရေအတွက် အတိအကျမသိရသေးဘူးလို့ ဖားကန့်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

"ညဘက်ကြီးဖြစ်တာဆိုတော့ ကယ်ဆယ်ရေးတွေချက်ချင်းမလုပ်နိုင်ခဲ့ဘူး ဒီနေ့မနက်မှ လုပ်နေကြတယ်၊ ညဘက်ရေမဆေးရှာတဲ့သူတွေ တော်တော်များများနဲ့ ကုမ္ပဏီက မြေသယ်ကား လေးငါးစီးလည်း ပါသွားတယ်"လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီလုပ်ကိုင်ပေးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူ ကိုသိန်းဇော်က ပြောပါတယ်။

play

 

ဖားကန့်မြို့မှာ ဇန်န၀ါရီ ၄ ရက်က တစ်ကြိမ်၊ ဇန်န၀ါရီ ၆ ရက်က တစ်ကြိမ် မြေစာပုံပြိုကျပြီး ၁၁ ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ကာ ဇန်န၀ါရီ ၁၀ ရက် မနက် ၁၀ နာရီလောက်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာမှာရှိတဲ့ ပေ ၃၀၀ လောက်မြင့်တဲ့ မြေစာပုံတစ်ပုံတစ်ခု ပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာဖွေသူတချို့ မြေပိသေဆုံးခဲ့ပါတယ်။

play

 

ဖားကန့်ကျောက်စိမ်းနယ်မြေမှာ အနယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့ ရေမဆေးကျောက်ရှာဖွေသူ ငါးသိန်းဝန်းကျင်ရှိတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD