AD
AD
AD
play

 

နိုင်ငံခြားဖြစ် အရက်မျိုးစုံအတုပြုလုပ်သူတွေကို လှိုင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရတနာပုံ(၃)လမ်းမှာ မတ် လ ၁၇ ရက် ညနေပိုင်းက ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လှိုင်မြို့နယ် အမှတ်(၄) ရပ်ကွက်၊ ရတနာမွန် (၂)လမ်းမှာ နိုင်ငံခြားဖြစ် အရက်မျိုးစုံအတုပြုလုပ်နေတာ သတင်းရလို့ ပိတောက်ချောင်းနယ်မြေ ရဲစခန်းတာဝန်ရှိသူတွေက သက်သေတွေနဲ့ အတူ သွားရောက်စစ်ဆေးခဲ့ရာ အမှတ်(၅)ရပ်ကွက်၊ ရတနာမွ န် (၃) လမ်းထိပ်အရောက်မှာ ထိန်လင်း (၃၆ နှစ်) မောင်းနှင်လာတဲ့ ယာဉ်အမှတ်- FF/-----Fielder အနက်ရောင်ယာဉ်ကို စစ်ဆေးရာ နိုင်ငံခြားဖြစ် အရက်မျိုးစုံ အတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ဘောစိတွေ၊ ဝါရှာပြားတွေ၊Red Label နဲ့ Black တံဆိပ်ပါ စက္ကူဖာနဲ့ Chivas Regal တံဆိပ်ပါ စက္ကူဖာတွေ၊ Red Label တံဆိပ်ပါ ပုလင်းအဖုံးခွံတွေ ၊ အရက်ရောစပ်ရာမှာ အသုံးပြုတဲ့ အရောင်တင်ဆီ ပုလင်းတစ်လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

play

 

ဆက်လက်စစ်ဆေးမှုတွေအရ အဆိုပါပစ္စည်းတွေကို အမှတ်(၅)ရပ်ကွက်၊ ရတနာပုံ (၃) လမ်း၊ ခြံအမှတ်(၅၀)နေ ဦးတင်ထွန်း (၅၂ နှစ်)က စေခိုင်းခဲ့တာဖြစ်ပြီး ဦးတင်ထွန်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နိုင်ငံခြားဖြစ် အရက်မျိုးစုံ အဖုံးတစ်အိတ်၊ ပုလင်းတံဆိပ်ကပ်ရာတွင် အသုံးပြုသည့် Gun (၃)ခု၊ ကော်ချောင်း(၁)ထုတ်နဲ့ အရက်အတုမျိုးစုံဖြစ်တဲ့ Glan Master တံဆိပ် (၄၀) ဖာ၊ Kingdon တံဆိပ် (၄၅) ဖာ၊ Dunfife တံဆိပ် (၂၂) ဖာ၊ High Commissioner တံဆိပ်(၃၂)ဖာ၊ Columbus တံဆိပ် (၈) ဖာနဲ့ နိုင်ငံခြားဖြစ် အရက်ပုလင်းအ ခွံမျိုးစုံ (၂၅)ဖာတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားဖြစ် အရက်မျိုးစုံအတုပြုလုပ်သူ ဦးတင်ထွန်းနဲ့ ယာဉ်နဲ့ သယ်ဆောင်သူ ထိန်လင်းတို့ကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Source & Photos : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD