AD
AD
AD

မတ်လ ၂၇ ရက်နေ့မှာ ကျရောက်မယ့် (၇၃)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ချီတက်ကြမယ့် စစ်ရေးပြ စစ်ကြောင်းတွေရဲ့ ချီတက်ရာ လမ်းကြောင်းတစ်လျှောက်မှာ ဂုဏ်ပြုပန်းစည်း ကမ်းလိုသူတွေအနေနဲ့  စာရင်းပေးသွင်းကြဖို့ တပ်မတော်က ဖိတ်ခေါ်ထားပါတယ်။

play


ဂုဏ်ပြုပန်းစည်းကမ်းလိုတဲ့ မိဘပြည်သူတွေအနေနဲ့ တယ်လီဖုန်းနဲ့ ကြိုတင်စာရင်းပေးသွင်းထားနိုင်ပြီး မတ်လ (၂၄)၊ (၂၅) ရက်တွေမှာ နိုင်ငံသား စိစစ်ရေးကတ်ပြား(မူရင်း)၊ ရောင်စုံလိုင်စင်ဓာတ်ပုံ (၂)ပုံတို့နဲ့ အတူ လုံခြုံရေးဝင်ခွင့် ကတ်တွေကို လူကိုယ်တိုင် လာရောက်ထုတ်ယူကာ ၀င်ရောက်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

play


(၇၃)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို လာမယ့် မတ်လ ၂၇ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပသွားမှာဖြစ်ပြီး ဂုဏ်ပြုပန်းစည်းကမ်းချင်တဲ့သူတွေ အနေနဲ့ လုံခြုံရေးဆပ်ကော်မတီ (နေပြည်တော်တိုင်းစစ်ဌာနချုပ်) ဖုန်း၊ ၀၃၂-၃၀၀၀၉ ကို ဆက်သွယ်စာရင်းပေးနိုင်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD