AD
AD
AD
play

 

မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်မှာ မတ်လ ၁၈ ရက်နေက အသက်ခုနစ်အရွယ် မိန်းကလေးတစ်ဦးလိင်ပိုင်းဆိုင်ရာထိပါးခံရမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း လူစုလူဝေးဖြစ်ပွားခဲ့လို့ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရတယ်လို့ သိရပါတယ်။

သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ လူထုပညာပေးသရုပ် ဖော်ကမ်ပိန်းပြုလုပ်ခဲ့တဲ့  အမရဌာနီအ ရှေ့ရပ်ကွက်မှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်တဲ့သူတွေကိုထုတ်ပေးပို့ အမှတ်(၄)ရဲ့ စခန်းရှေ့ကိုလာရောက်တောင်းဆိုပြီး ရဲစခန်းကိုခဲနဲ့ပစ်ပေါက်၊ အကာအရန်ပြုလုပ်ထားတဲ့ ထိုင်ခုံတွေကို ရိုက်ချိုးတာတွေ ပြုလုပ်လာတာကြောင့် ရဲတပ်ဖွဲ့က သေနတ်ဆယ်ချက်ခန့် ပစ်ဖောက်ပြီး လူစုခွဲခဲ့တာ ဖြစ်ပါတယ်။

play

 

မန္တလေးမြို့၊ အမရဌာနီအရှေ့ရပ်ကွက်မှာနေတဲ့ အသက်(၇)နှစ် သုံးလအရွယ် မိန်းကလေးကို အိမ်နီးချင်းဖြစ်သူ (၄၈)နှစ်အရွယ် အမျိုးသားက ကိုယ်ပေါ် တက်လိုက်၊ ဆင်းလိုက်ပြုလုပ်ခြင်း၊ မိန်းမအင်္ဂါကို လက်နဲ့ နှိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မိန်းကလေးကို ဓမ္မတာနဲ့ ဆန့်ကျင်ပြီး မဖွယ်မရာပြုလုပ်တဲ့ အမျိုးသားကို အမှတ်(၄)နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၇၊ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ပြစ်မှုနဲ့ အမှုဖွင့်ပြီး မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

မတ်လ ၁၀ ရက်နေ့ ည ၇ နာရီလောက်မှာ အဆိုပါလူစုလူဝေးစတင် ဖြစ်ပွားခဲ့တာဖြစ်ပြီး အောင်မြေသာဇံမြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေအပြင် တခြားမြို့နယ်တွေက ရဲတပ်ဖွဲ့ဝင်တွေပါ လာရောက်ထိမ်းသိန်းခဲ့ရတယ်လို့ အနည်းဆုံးလူသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD