AD
AD
AD
play

 

ရန်ကုန်မြို့ရဲ့ ရှေးဟောင်းအလှအပနဲ့ မြို့ပြသဘာဝရူခင်းတွေကို လိုက်လံကြည့်ရှုနိုင်ဖို့ မင်္ဂလာဘတ်စ် အမိုးဖွင့် အပန်းဖြေယာဉ်ကို လာမယ့် အောက်တိုဘာလမှာ ပထမဆုံးအကြိမ် ပြေးဆွဲသွားမယ်လို့ Mingalarbus ကုမ္ပဏီကနေ သိရပါတယ်။

အမိုးဖွင့်ကားနဲ့ မြို့အလှ လိုက်လံကြည့်ရှုတဲ့ ၀န်ဆောင်မှုကို မတ်လ ၁၉ ရက်မှ ဧပြီ ၈ ရက်အထိ ရန်ကုန်မြို့တွင် စမ်းသပ်ပြေးဆွဲသွားမှာဖြစ်ပြီး မန္တလေး၊ ပုဂံနဲ့ ပြင်ဦးလွင်မြို့တို့မှာလည်း ဧပြီမကုန်ခင် ထပ်မံစမ်းသပ်မယ်လို့ အဆိုပါကုမ္ပဏီစီမံကိန်း အကြံပေး ဒေါ်အိသွယ်အောင်က ပြောပါတယ်။

မင်္ဂလာဘတ်စ်ကားယာဉ် အမျိုးအစားက ခရီးသည် ၂၅ ဦးဆံ့ တရုတ်နိုင်ငံထုတ် Zxongtong ယာဉ်အမျိုးအစားဖြစ်ပြီး ကနဦးယာဉ် ငါးစီးဖြင့် စတင်ပြေးဆွဲမယ်လို့ သိရပါတယ်။ စမ်းသပ်ပြေးဆွဲမယ့် ကာလမှာ အခမဲ့ပြေးဆွဲသွားမှာဖြစ်ပြီး စီးနင်းခွင့်အတွက် သက်ဆိုင်ရာကုမ္ပဏီကို ဆက်သွယ်ရယူနိုင်တယ်လို့ သိရပါတယ်။

play

 

မင်္ဂလာဘတ်စ်ကားကို တနေ့ နှစ်ကြိမ် မနက် ၇ နာရီနဲ့ ညနေ ၅ နာရီတို့မှာ ယာဉ်ထွက်ရှိမည်ဖြစ်ပြီး ခရီးစဉ်တစ်ကြောင်းကို သုံးနာရီကြာမြင့်မယ်လို့ ဆိုပါတယ်။ အမိုးဖွင့်ကာ ခရီးစဉ်တစ်ကြောင်းအတွက် နိုင်ငံခြားသားတစ်ဦးကို လူကြီး ၁၅ ဒေါ်လာ၊ ကလေး ၁၀ ဒေါ်လာ၊ မြန်မာနိုင်ငံသားလူကြီး တစ်ဦးကို တစ်သောင်းကျပ်နဲ့ ကလေး ရှစ်ထောင်ကျပ် သတ်မှတ်ထားပြီး လက်မှတ်တွေကို အွန်လိုင်းကနေ ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။

ခရီးစဉ်လမ်းကြောင်းအနေနဲ့ မနက်ပိုင်းမှာ မြို့တော်ခန်းမရှေ့ကနေ စတင်ထွက်ခွာပြီး ကမ်းနားလမ်းတစ်လျှောက် မောင်းနှင်ကာ ကြည့်မြင်တိုင်၊ စမ်းချောင်းနဲ့  ဟံသာဝတီ စစ်သင်္ချိုင်းကို ပို့ဆောင်ပြီး မြို့ထဲကို ပြန်လာမှာ ဖြစ်ပါတယ်။ ညနေပိုင်းခရီးစဉ်အနေနဲ့ မြို့တော် ခန်းမရှေ့ကနေ  ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရား၊  ကန်တော်ကြီးနဲ့ ကမ်းနားလမ်းညဈေးတန်းကို ပို့ဆောင်မယ်လို့ သိရပါတယ်။

Photos : Mingalar Bus

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD