AD
AD
AD
play

 

မတ်လ ၁၆ ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့တဲ့ ဖားကန့်ကန်ခါမှော်မြေစာပုံပြိုကျမှုမှာ ပျောက်ဆုံးနေသူတွေကို အခုအချိန်အထိပြန်လည်ရှာဖွေ နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ည ၁၁ နာရီပတ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ မြေစာပုံပြိုကျမှုကြောင့် ရေမ​ဆေးကျောက်ရှာဖွေသူ ၄၀ ကျော်၊ ကုမ္ပဏီမြေသယ်​ကားနှစ်စီးနဲ့ ကုမ္ပဏီလုပ်​သား ၁၀ ​ကျော်​ မြေစာပုံပြိုကျတဲ့ အထဲပါသွားတာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကုမ္ပဏီ လူကမပါဘူး အပြင်​လူက​တော့ဆယ်​တုန်း၊ ခုချိန်​ထိ မ​တွေ့​သေးဘူး၊ ကားနှစ်စီးပါသွားတယ်။ ဖြစ်တဲ့အချိန်က ညဘက်ဆိုတော့ လူဘယ် နှစ်ယောက် ရေမဆေးရှာနေတယ်ဆိုတာ မသိနိုင်ဘူး။ ခန့်မှန်းပြောဆိုနေကြတာမျိုးပဲရှိတယ်။ ပြိုကျသွားတဲ့ မြေစာပုံက ပေနှစ်ရာလောက်ရှိတယ်"လို့ အဆိုပါမြေစာပုံလုပ်ကွက်ပိုင် တစ်သုံးလုံးကုမ္မဏီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

play

 

လက်ရှိအချိန်မှာ မိုးရွာသွန်းလာတာကြောင့် ရှာဖွေရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားရပြီး မြေပြိုကျတဲ့အထဲမှာ ပါဝင်သွားတဲ့သူတွေကို ရှာဖွေတွေ့ခြင်းမရှိသေးဘူးလို့ ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပါဝင်ကူညီနေတဲ့ ရေမဆေးကျောက်ရှာဖွေသူ ကိုတင်မောင်လင်းက ပြောပါတယ်။

ပြိုကျမှုဖြစ်ခဲ့တဲ့ တစ်သုံးလုံးကုမ္ပဏီပိုင် မြေစာပုံပြိုကျသည့်နေရာက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတုန်းကလည်း မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၁၁၄ ဦးသေဆုံးထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD