AD
AD
AD
play

 

ရန်​ကုန်​က​နေ ​ချောင်းသာကို ​လေးညအိပ်​ ကားအငှားလိုက်​သွားသူကို သတ်ဖြတ်ပြီး ကားလုယူမှု မတ်လ ၁၉ ရက်မနက်ပိုင်းက ရန်ကုန်-ပုသိမ် ကားလမ်းမပေါ်က မိုင်တိုင်အမှတ် ၆၆/၀ နဲ့ ၆၆/၁ အကြားမှာ ဖြစ်ပွားခဲ့တယ်လို့ ကျောင်းကုန်းနယ်မြေ ရဲစခန်းကနေ သိရပါတယ်။

"မနေ့က (မတ်လ ၁၇) နေ့ မနက် ခုနစ်နာရီပတ်ဝန်းကျင်လောက်မှာ ရွာကနေပြီး အလောင်းတစ်လောင်းတွေ့တယ်လို့ သတင်းပို့လို့ သွားစစ်ဆေးခဲ့တယ်။ မည်သူမည်ဝါတော့မသိသေးဘူး ဒီနေ့မနက်မှသိရတယ် လိုင်းပေါ်မှာ ပုံတွေတင်ပြီးတော့မှာ သေဆုံးသူက ရွှေပြည်သာဘက် တက္ကစီမောင်းသမားဖြစ်တယ်။ ချောင်းသာကို အော်ဒါလိုက်လာရင်းနဲ့ ဒီလိုဖြစ်သွားတာကို သိရပါတယ်"လို့ ကျောင်းကုန်းနယ်မြေရဲစခန်း နယ်ထိန်း ရဲအုပ်ထွန်းထွန်းဝင်းက ဓူဝံကို ပြောပါတယ်။

play

 

ပြစ်မှုကျူးလွန်သူတွေက အဖြူ​ရောင်​ဘေးတွင်​ အပြာ​ရောင်​အစင်းပါရှိ​တဲ့ တိုယိုတာပရိုဘောက်မော်​​တော်​ယာဉ်​ DD/9313 ကို ယူဆောင်သွားတာဖြစ်ပြီး တရားခံတွေကို ဖမ်းဆီးရမိနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Photos : Yin Htoo Maw

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD