AD
AD
AD
play

 

သြစတြေးလျနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဒေသစံတော်ချိန် ၉း၀၀ နာရီမှာ သြစတြေးလျနိုင်ငံ လွှတ်တော်အဆောက်အအုံမှာ သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် Malcolm Turnbull ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

play

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ပြီး၊ ဂုဏ်ပြုတပ်ဖွဲ့မှ အမြောက် ၁၉ ချက် ပစ်ဖောက်ကြိုဆိုခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သြစတြေးလျနိုင်ငံဝန်ကြီးချုပ်နဲ့ ဒေသစံတော်ချိန် ၉း၂၅ မှာ သြစတြေးလျနိုင်ငံ လွှတ်တော်အဆောက်အအုံရှိ ဝန်ကြီးချုပ် ဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေသစံတော်ချိန် ၀၉း၄၅ နာရီတွင် မြန်မာနိုင်ငံနှင့် သြစတြေးလျ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသာအောင်ညွန့်နဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

Photos : GNLM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD