AD
AD
AD
play

 

သြစတြေးလျနိုင်ငံမှာရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဦးဝင်းထိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်အရ မြန်မာနိုင်ငံကိုပြန်လာပြီး ပါတီလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သြစတြေးလျနိုင်ငံကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၁၈ နဲ့ ၁၉ ရက်မှာ ဦ၀င်းထိန်က သွားရောက်တွေ့ဆုံ စကားပြောဆိုပြီးနောက် မြန်မာပြည်ပြန်လာဖို့ ဆုံးဖြတ်လိုက်တာလို့ ဦးဝင်းထိန်နဲ့ နီးစပ်သူတစ်ဦးက 7DayDaily သတင်းစာကိုပြောပါတယ်။

play

 

ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ်  ဦးဝင်းထိန်က ပြီးခဲ့တဲ့ဇန်နဝါရီလက သားဖြစ်သူ မင်္ဂလာဆောင်အပြီးမှာ သြစတြေးလျနိုင်ငံကို ထွက်ခွာသွားတာ ဖြစ်ပြီး NLD ပါတီ စီအီးစီအဖွဲ့ကိုလိပ်မူပြီး စာတစ်စောင်ပေးပို့ကာ ပါတီတာဝန်တွေ ဆက်လက် ဆောင်ရွက်ခွင့် ပြု၊ မပြု ဆုံးဖြတ်ပေးဖို့ စာတစ်စောင်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဦးဝင်းထိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှာ သြဇာကြီးမားသူတစ်ဦးဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်နဲ့ ပါတီဗဟိုအလုပ်သမားရေးရာအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။

ဦးဝင်းထိန်က NLD ပါတီ စတင်တည်ထောင်ခဲ့တဲ့ ၁၉၈၈ ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအဖြစ် ၁၉၈၉ ကနေ ၁၉၉၅ ခုနှစ်ထိ ထောင်တစ်ကြိမ်ကျခဲ့ပြီး ၁၉၉၆ မှာ ထပ်မံဖမ်းဆီးခံရကာ ၂၀၀၈ ခုနှစ်က ပြန်လွတ်လာပြီး ၂၄ နာရီ မပြည့်ခင် ထပ်မံဖမ်းဆီးခံခဲ့ရလို့ ၂၀၁၀ မှ ပြန်လည်လွတ်မြောက်ခဲ့သူ ဖြစ်ပါတယ်။

Source : 7DayDaily

Photo : Win Su Kyi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD