AD
AD
AD
play

 

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် အင်တာနက်၊ လူမှုကွန်ရက်နဲ့ ဆိုရှယ်မီဒီယာတွေကို အသုံးပြုနေတာတွေကို စောင့်ကြည့်ဖို့ ကျပ်ငွေ သန်းခြောက်ထောင်ကျော်အသုံးပြုခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဦးသန့်ဇင်မောင်ရဲ့ ပြောကြားချက်အပေါ် နည်းပညာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေက ဝေဖန်မှုတွေ ရှိနေပါတယ်။

မတ်လ ၁၉ ရက်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၀၁၇ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေကနေ ကျပ် ၆,၄၂၆ သန်း ခွဲဝေသုံးစွဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဦးသန့်စင်မောင်က ရှင်းလင်းခဲ့ပြီးနောက်ပိုင်း အခုလိုဝေဖန်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

"ဖေစ့်ဘုတ်လို Social Media API တွေကနေ Data Mining လုပ်တဲ့ ဆော်ဖ်ဝဲလ်တွေမှာ ရင်းနှီးမြှုပ်နှံ့ရတော့ ဆောဖ်ဝဲလ် Statup ကုမ္ပဏီတစ်ခုထောင်သလိုပဲ၊ Partnership၊ R&D ပါထည့်တွက်ရင် အနည်းဆုံးဒေါ်လာသန်းဂဏန်းလောက်ကုန်တော့ ဒီပမာဏက ဖြစ်နိုင်တယ်။ ဒါနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေ ဥပမာ Servers & Storage နဲ့ Resoures တွေကလည်း ဈေးကြီးတယ်"လို့ IT ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးလင်းက ပြောပါတယ်။

play

 

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်ဇင်မောင်ရဲ့ ပြောဆိုချက်ဖြစ်တဲ့ နိုင်ငံတော်ရဲ့တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နစ်နာအောင် လုပ်နေတဲ့ဖြစ်စဉ်တွေကို ရှာဖွေဖော်ထုတ်ပြီးစီးမှု၊ အမုန်းပွားစေမယ့် သွေးထိုးလှုံဆော်မှုတွေပြုလုပ်နေတဲ့ အကောင့်ပိုင်ရှင်တွေကို အရေးယူမှု၊ ဆိုရှယ်မီဒီယာပေါ်က သတင်းစာမျက်နှာအတုနဲ့ တရားမ၀င်စာမျက်မှာအတုတွေကို ဘယ်လောက်အရေးယူထားလဲဆိုတာကို စံတော်ချိန် ဒီဂျစ်တယ် သတင်းဌာနတာဝန်ခံအယ်ဒီတာ ကိုသစ်ငြိမ်းက မေးခွန်းထုတ်ခဲ့ပါတယ်။

"ဒီလောက်အကုန်အကျခံထားတယ်ဆိုရင်လည်း ဘယ်နေရာတွေမှာ ဘာတွေအတွက် ဘယ်လိုသုံးပြီး ကုန်ကျထားတာတွေကို တိတိကျကျ ပြည်သူတွေအနေနဲ့ သိသင့်တယ်လို့ ထင်တယ်။ ပွင့်လင်းမြင်သာမှုရှိကိုရှိရမယ်၊ ဘယ်လောက်သုံးထားတယ်၊ ဘာရလာဒ်တွေထွက်တယ် ဆိုတာကအစ ပြည်သူတွေသိကို သိသင့်တယ်။ သိအောင်လည်း လွှတ်တော်အမတ်တွေအနေနဲ့ အဲဒီကိစ္စတွေကို တိတိကျကျ ပြည့်ပြည့်စုံစုံ မေးသင့်တယ်"လို့ မြန်မာလင့်ခ့်ကုမ္ပဏီလီမိတက်ရဲ့ Chief Trainer ကိုစိုးသီဟနောင်က ပြောပါတယ်။

အင်တာနက်အသုံးပြုပြီးလွန်တဲ့ ပြစ်မှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ နိုင်ငံတကာစံနှုန်းတွေနဲ့ ညီညွတ်တဲ့ ဆိုက်ဘာဥပဒေ တစ်ရပ်ပေါ်ထွက်လာရေး နိုင်ငံတကာကျွမ်းကျင် ပညာရှင်တွေနဲ့ ညှိနှိုင်းရေးဆွဲနေတယ်လို့ ဦးသန့်ဇင်မောင်က လွှတ်တော်မှာပြောပါတယ်။

Photos : Uberflip Hub

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD