AD
AD
AD
play

 

ရန်ကုန်မြို့ထဲက ဓာတ်အားခွဲရုံ ဓာတ်အားလိုင်းတွေ ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့ ဓာတ်အားလိုင်းနဲ့ မလွတ်တဲ့ သစ်ပင်၊ သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းတာတွေလုပ်မှာဖြစ်လို့ ရန်ကုန်မြို့ထဲက မြို့နယ်နှစ်ဆယ်ကျော်မှာ လျှပ်စစ်ဓာတ်အား ယာယီအချိန်ပိုင်း ပြတ်တောက်မယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၂၂ ရက် မနက် ၉ နာရီ မှကနေ ၁၂ နာရီအထိ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ ထောက်ကြန့်၊ တိုက်ကြီး၊ အဖျောက်၊ ဥက္ကံ၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ ရွှေလင်ပန်း၊ ထန်းတပင်၊ ကြ ည့်မြင်တိုင်၊ လှိုင်၊ အလုံ၊ ကမာရွတ်၊ မရမ်းကုန်း၊ ဗဟန်း၊ လမ်းမတော်၊ စမ်းချောင်း၊ ပန်းဘဲတန်း၊ သန်လျင်စတဲ့ မြို့နယ်တွေမှာ ယာယီပြတ်တောက်မှုတွေ ဖြစ်မယ်လို့ ဆိုပါတယ်။

play

 

ဒီလိုပြင်ဆင်တာက လာမယ့်နွေရာသီအတွင်း ရန်ကုန်တိုင်းထဲမှာ မီးမပြတ်စေဖို့နဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို အမြင့်ဆုံး ပျမ်းမျှ ၁၅၀၀ မဂ္ဂါဝပ် အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တစ်နှစ်ကိုလျှပ်စစ်ဓာတ်အား ၃၀၀ လောက်လိုအပ်နေပြီး ရန်ကုန်မြို့က မြန်မာနိုင်ငံလျှပ်စစ်ဓာတ်အားစနစ်ရဲ့ ၅၀ ရာခိုင်နှုန်း ကျော်ကို အသုံးပြုနေတယ်လို့ သိရပါတယ်။

လျှစ်စစ်စွမ်းအားဝန်ကြီးဌာနက မီတာခကောက်ခံတာတွေကို ကျေးလက်၊ မြို့ပြ၊ ပုံမှန်နဲ့ စက်မှုသုံးဆိုပြီး ပုံစံလေးမျိုးနဲ့ကောက်ခံတာကို ဧပြီလ ၁ ရက်နေ့မှာ စတင်အသုံးပြုသွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောထားပါတယ်။

Source : YESC

Photos : Reo Hanlay

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD