AD
AD
AD
play

 

လာမယ့် ဧပြီလ ၁ ရက်နေ့မှာ စတင်အသက်ဝင်မယ့် ၂၀၁၈ ခုနှစ်အတွက် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ဒီနေ့ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

ဒီနေ့အတည်ပြုလိုက်တဲ့ ဥပဒေအရ စည်းကြပ်မှုမှကင်းလွတ်နေတဲ့ ငွေတွေအတွက် ကျပ်သိန်း ၃၀၀ အောက်ဆိုပါက ၁၅ ရာခိုင်နှုန်း ၊ ကျပ်သိန်း ၃၀၀ ကနေ ကျပ်သိန်းတစ်ထောင်အတွင်းဆိုရင် ၂၀ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း တစ်ထောင်နဲ့ အထက်ဆိုရင် ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အဆိုပါအခွန်ကောက် ဥပဒေသစ်မှာ အခွန်သက်သာခွင့်အတွက် ပြင်ဆင်ချက်တွေ မပါတော့ဘဲ အတည်ပြုလိုက်တာဖြစ်ပြီး အရက်၊ 
ဘီယာ၊ ဝိုင်၊ ဆေးရွက်ကြီး၊ တွင်းထွက်ပစ္စည်း၊ ကား၊ ရေနံ၊ သစ် စတာတွေအတွက် အခွန်ရာခိုင်နုန်းသတ်မှတ်ချက် ပေးထားပြီး လူသုံးကုန်နဲ့အခြေခံ စားသောက်ကုန်တွေကိုတော့ ကင်းလွတ်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD