AD
AD
AD
play

 

သင်္ကြန်ကာလအတွင်း ဖျော်ဖြေကြမယ့် သံချပ်အဖွဲ့တွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို တင်ပြရမှာဖြစ်ပြီး မတ်လ၂၀ ရက်အထိ ခွင့်ပြုချက်လာတင်တဲ့သံချပ်အဖွဲ့ တစ်ဖွဲ့သာ ရှိသေးတယ်လို့ ရန်ကုန်မဟာသင်္ကြန်သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်း ကော်မတီထံကနေ သိရပါတယ်။

“တင်တဲ့သံချပ်အဖွဲ့တွေကို လိုအပ်တာတွေကို စိစစ်ပြောင်းလဲပြီး အားလုံးကို ခွင့်ပြုပေးပါတယ်။ ပဋိပက္ခဖြစ်မယ့်၊ ဥပဒေနဲ့မလွတ်ကင်းတဲ့ အကြောင်းအရာတွေ မပါအောင် ထိန်းပေးတဲ့သဘောပါ။ တင်ရင် ညှိုနှိုင်းပြီး ခွင့်ပြုတော့ အန္တာရယ်ကင်းတာပေါ့။ မတင်ရင် ဥပဒေကတော့ ရှိပြီးသားပါ”လို့ ရန်ကုန်မဟာသင်္ကြန်သီချင်း၊ သံချပ်စိစ်ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ ဦးဆန်းဝင်း ကပြောပါတယ်။

မဟာသင်္ကြန်ပွဲတော်မှာ ဖျော်ဖြေတင်ဆက်မယ့် သံချပ်အဖွဲ့တွေအနေနဲ့ သီချင်းတွေ၊ သံချပ်တွေမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိခိုက်မှုမရှိစေရန်၊ ဘာသာရေး၊ လူမျိုးရေး ထိခိုက်စေတဲ့ အသုံးအနှုံးတွေ မပါဝင်ရေး၊ နိုင်ငံတော်၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ အကြောင်းအရာမပါဝင်စေရေး ၊ ရိုင်းပျတဲ့ အသုံးအနှုန်းဟန်ပန်အမူအရာ မပါဝင်ရေးတို့ကို လိုက်နာဆောင်ရွက်ရမယ်လို့ ကော်မတီက ထုတ်ပြန်ထားပါတယ်။

play

 

“ကျွန်တော်တို့ အဖွဲ့အနေနဲ့ ရေးလိုက်တဲ့ သံချုပ်စာသားတွေ၊ သရုပ်ဖော်မှုတွေ ၊ ၀တ်စားဆင်ယင်မှုတွေက လူမျိုးတစ်မျိုးနဲ့တစ်မျိုး ပဋိပက္ခဖြစ်ပွားအောင်၊ ဘာသာရေးတစ်ခုနဲ့ တစ်ခု အမုန်းပွားလာအောင် လှုံဆော်ခြင်းပြုမှာ မဟုတ်ဘူး။ ကျွန်တော်တို့ သံချပ်စာသားတွေ၊ သရုပ်ပြ ရွတ်ဆိုမှုတွေကို တာဝန်ယူနိုင်ပါတယ်”လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုနန်းဇေက ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အနေနဲ့ နှစ်စဉ် ပညာရေးစနစ်ကိထောက်ပြ ဝေဖန်တဲ့ သံချပ်စာသားတွေကို အဓိက သံချပ်ထိုးသရုပ်ပြခဲ့ပြီး  ယခုနှစ်မှာတော့ သက်ငယ်မုဒိန်းမှုကို အဓိကထားပြီး သံချပ်ထိုးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ သင်္ကြန်ကာလမှာ သံချုပ်အဖွဲ့ ၂၅ ဖွဲ့ကို ခွင့်ပြုပေးခဲ့တယ်လို့ ရန်ကုန်မဟာသင်္ကြန်သီချင်း၊ သံချုပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီကနေ သိရပါတယ်။

Photo : Win Min Soe

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD