AD
AD
AD
play

 

ရန်ကုန်-မန္တလေး အမြန်လမ်းမှာဖြစ်ပွားခဲ့တဲ့ အန်စာတုံးကားမီးလောင်မှုမှာ လူရှစ်ဦးသေဆုံးခဲ့မှုဖြစ်စဉ်က တရားစွဲဆိုထားတဲ့ ယာဉ်မောင်း အမျိုးသားကို လှည်းကူးမြို့နယ်တရားရုံးမှာ ဒီနေ့ အမိန့်ချသွားမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် မနက်ပိုင်းက ပုဂံဘုရားဖူးခရီးစဉ်ကနေ ရန်ကုန်ကို အမြန်လမ်းအတိုင်း မောင်းနှင်လာတဲ့ အံစာတုံးကားက မိုင်တိုင်အမှတ် ၄/၂ အနီး လမ်းရဲ့ဘယ်ဘက်မှာ ကာရံထားတဲ့ အလူမီနီယံ လက်တန်းဘောင်ကို ဝင်တိုက်မိပြီး ယာဉ်မီးလောင်မှု ဖြစ်ပွားခဲ့ကာ မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ကိုးဦးထဲက ယာဉ်မောင်း ကိုအောင်ခန့်(ခ) ဇွဲမြန်မာ တစ်ဦးတည်းလွတ်မြောက်ပြီး ရှစ်ဦးမှာ မီးလောင်သေဆုံးခဲ့တာပါ။

ဒီဖြစ်စဉ်ကို CID ကနေ ကိုင်တွယ်စစ်ဆေးခဲ့ပြီး လှည်းကူးမြို့နယ်တရားရုံးတွင် တရားလိုပြသက်သေ ၂၂ ဦးကို စစ်ဆေးကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ယာဉ်မောင်း အောင်ခန့်(ခ) ဇွဲမြန်မာကို ပုဒ်မသုံးခုနဲ့ စွဲချက်တင် စစ်ဆေးဖို့ တရားသူကြီးက အမိန့်ချမှတ်ခဲ့တာပါ။

ဇန်န၀ါရီလ ၂၁ ရက်နေ့က မနက် ၈ နာရီက ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင် ၄ မိုင်နဲ့ ၂ ဖာလုံကြားမှာ ဖြစ်ပွားခဲ့တဲ့ အံစာတုံးကားမီးလောင်မှုက သမာရိုးကျမီးလောင်မှုသာဖြစ်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD