AD
AD
AD
play

 

သြစတြေးလျနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က မတ် ၂၀ ရက် ညက နေပြည်တော်ကို ပြန်လည်ရောက်ရှိလာတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၂၀ ရက်နေ့မှာ သြစတြေးလျတပ်မတော် အထူးလေယာဉ်နဲ့ ကင်ဘာရာမြို့ကနေ ဆစ်ဒနီမြို့၊ စင်ကာပူလေကြောင်းလိုင်းနဲ့ ဆစ်ဒနီမြို့ကနေ စင်ကာပူ၊ မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်နဲ့ စင်ကာပူကနေ နေပြည်တော်ကို ပြန်လည်ရောက်ရှိလာတာလို့ ဆိုပါတယ်။

play

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့မှာ သြစတြေးလျ-အာဆီယံအထူးထိပ်သီး အစည်းအဝေးတက်ရောက်ဖို့ သြစတြေးလျနိုင်ငံကို ထွက်ခွာသွားတာဖြစ်ပါတယ်။

အဆိုပါခရီးစဉ်အတွင်း အာဆီယံ - သြစတြေးလျ မျက်နှာစုံညီ အစည်းအဝေးနဲ့ သီးသန့်အစည်းအဝေးကို တက်ရောက်ခဲ့ပြီး သြစတြေးလျရောက် မြန်မာနိုင်ငံသားတွေနဲ့တွေ့ဆုံခဲ့တဲ့အပြင် ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

Photos : MSCO

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD