AD
AD
AD
play

 

နိုင်ငံတော်သမ္မတဦးထင်ကျော်က လက်ရှိအလုပ်တာဝန်တွေကနေ အနားယူချင်တာကြောင့် ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့ကနေစပြီး ရာထူးကနေ အနားယူသွားတယ်လို့ နိုင်ငံတော်သမ္မတရုံးက ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥမဒေပုဒ်မ (၇၃) ပုဒ်မခွဲ(ခ)နဲ့အညီ လစ်လပ်သွားတဲ့ နိုင်ငံတော်သမ္မတရာထူးကို အလုပ်လုပ်ရက် ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

play

 

သမ္မတရာထူးကနေ အနားယူသွားတဲ့ ဦးထင်ကျော်က ကွမ်းခြံကုန်းမြို့သားဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ရွေးကောက်ခံကိုယ်စားလှယ် ဂန္တဝင်စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက် သားဖြစ်ပါတယ်။

ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည်ထက် အသက်တနှစ် တစ်လ တစ်ရက်ငယ်ရွယ်သူ ဖြစ်ပြီး မက်ဒရစ်ကျောင်း(ဒဂုံ ၁)မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပညာဆည်းပူးခဲ့သူဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ အစိုးရဝန်ထမ်း အဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အရပ်သားအစိုးရတာဝန်ယူပြီးနောက်ပိုင်း အစိုးရဒုတိယသက်တမ်း ၂၁၀၅ ရွှေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခဲ့ပြီး ၂၀၁၇ စက်တင်ဘာလတုန်းက ထိုင်းနိုင်ငံမှာ သွားရောက်ဆေးကုသခဲ့ရပြီးနောက်ပိုင်း ရာထူးကနေအနားယူမယ်လို့ သတင်းတွေ ပေါ်ထွက်ဘူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD