AD
AD
AD
play
အောင်ခန့်(ခ) ဇွဲမြန်မာကို ရုံးထုတ်လာစဉ်။

 

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က လူရှစ်ဦးသေဆုံးခဲ့တဲ့ အံစာတုံးကားမီးလောင်မှုမှာ တရားစွဲဆိုထားရတဲ့ အောင်ခန့်(ခ) ဇွဲမြန်မာကို ပုဒ်မ ၃ ခုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်တယ်လို့ လှည်းကူးမြို့နယ် တရားရုံးကနေ သိရပါတယ်။

စွဲချက်တင်ထားတဲ့ ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၃၀၄ (က) နဲ့ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၂၈၅ နဲ့ ထောင်ဒဏ်သုံးနှစ် ပုဒ်မ ၂၇၉ နဲ့ ထောင်ဒဏ် ၂ နှစ် တို့ကို ပြစ်ဒဏ်သီးခြားစီ ကျခံစေခဲ့ဖို့ မြို့နယ်တရားသူကြီးက အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

"စွဲချက်တင်တဲ့ ပုဒ်မအတိုင်းပေါ်ပေါက်တဲ့အတွက် ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါက ချမှတ်ထားတဲ့အမြင့်ဆုံးပြစ်ဒဏ်လည်းဖြစ်တယ်။ သူဟာ အမြန်လမ်းမကြီးပေါ်မှာ ယာဉ်ကို မိုင် ၁၁၀ နှုန်းနဲ့ မောင်းနှင်တယ်။ ပွတ်တိုက်တဲ့အရှိန်က ပေ၁၀၀ ခန့် အကွာမှာ ပွတ်တိုက်ပီး အရှိန်က အရမ်းများတယ်။ ယာဉ်ပေါ်မှာ အရှင်လတ်လတ်မီးလောင်ကြွမ်းခဲ့ရတယ်။ ယာဉ်လည်းပျက်စီးခဲ့ရလို့ ယာဉ်မောင်းက အရှိန်ပြင်းပြင်း မောင်းနှင်တယ် ပေါ့ဆစွာမောင်းနှင်တယ်လို့ သုံးသပ်ရတယ်"လို့ လှည်းကူးမြို့နယ်တရားသူကြီးက ပြောပါတယ်။

play

 

ဇန်န၀ါရီလ ၂၁ ရက်နေ့က မနက် ၈ နာရီက ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင် ၄ မိုင်နဲ့ ၂ ဖာလုံကြားမှာ ဆဋ္ဌဂံဆောက်လုပ်ရေးကုမ္ပဏီ ဝန်ထမ်းတွေစီးလာတဲ့ ဘုရားဖူးကားဘီးပေါက်ပြီး လမ်းလယ်ဘောင်ကို တိုက်မိတာကနေ မီးလောင်ပြီး လူရှစ်ဦး မီးလောင်သေဆုံးခဲ့ကာ ယာဉ်မောင်းသူတစ်ဦးပဲ လွတ်မြောက်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ အသက်ရှင်လွတ်မြောက်ခဲ့သူဖြစ်တဲ့ ကိုအောင်ခန့်က ကားကိုမောင်းခဲ့တာလို့ ၀န်ခံခဲ့တာကြောင့် ပုဒ်မသုံးခုနဲ့ တရားစွဲဆိုခဲ့ပြီး အင်းစိန် CID လက်ခံစစ်ဆေးခဲ့ကာ တစ်နှစ်ကျော်အကြာမှာ အပြီးသတ်အမိန့်ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD