AD
AD
AD
play

 

အရက်သောက်လာတဲ့ ဇနီးဖြစ်သူကရိုက်နှက်ခဲ့လို့ ခင်ပွန်းဖြစ်သူသေဆုံးခဲ့မှု ဒီနေ့ (မတ်လ ၂၁) ရက်မနက်ပိုင်းက ဒဂုံမြို့သစ်တောင်ပိုင်း ၅၄ ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေက လှည့်ကင်းဆောင်ရွက်နေတုန်း အမှတ် ၅၄ ရပ်ကွက်၊ လှော်ကားလမ်းမပေါ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ခိုက်ရန်ဖြစ်ပွားနေတာ သတင်းရလို့ သွားရောက်စစ်ဆေးခဲ့ရမှာ စိုးသူအောင် (ခ)ကုလားကြီ်း (၃၅)နှစ်က 
လဲကျသေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အနားမှာရှိတဲ့ မခင်မျိုးကြည်(ခ)နှင်းအိအိပိုကို စစ်ဆေးမှုတွေအရ မခင်မျိုးကြည်က ဒီနေ့မနက် လေးနာရီလောက်မှာ အရက်သောက်ပြီး နေအိမ်ကိုပြန်လာတုန်းမှာ ခင်ပွန်းဖြစ်သူနဲ့တွေ့ပြီး စကားများတာကနေ ခင်ပွန်းဖြစ်သူက လက်နဲ့ရိုက်လို့ ခင်ပွန်းဖြစ်သူရင်ဘတ်ကို စောင့်တွန်းလို့ လဲကျသွားတုန်း ရင်ဘတ်ပေါ်တက်ခွပြီး လွယ်အိတ်ကြိုးနဲ့ လည်ပင်းကိုပတ်ကာ ကတ္တရာလမ်းနဲ့စောင့်ခဲ့လို့ သေဆုံးသွားတာလို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ပြစ်မှုကျူးလွန်သူ မခင်မျိုးကြည်(ခ) မခင်နှင်းအိအိပိုကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းကနေ (ပ) ၆၃၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်အရေးယူထားတယ်လို့ သိရပါတယ်။

Source : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD