AD
AD
AD
play

 

လာမယ့် မတ်လ ၂၃ ရက်နေ့မှာကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

၂၀၁၇ ခုနှစ်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် မတက်ရောက်ခဲ့ပဲ သ၀ဏ်လွှာပေးပို့ခဲ့ကာ ဒီနှစ်မှာမှပထမဆုံးတက်ရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရုပ်ရှင်ဆုပေးပွဲတက်ရောက်မှုအပေါ် လုံခြုံရေးကိစ္စကြောင့် သတင်းအတိအကျ မထုတ်ပြန်သေးဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဆဲဗင်းဒေးသတင်းစာကို ပြောထားပါတယ်။

play

 

ပြီးခဲ့တဲ့ ၂၀၁၇ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတော့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတက်ရောက်ခဲ့ပြီး အစိုးရအဖွဲ့ထိပ်တန်းခေါင်းဆောင် တစ်ဦးအနေနဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ပထမဆုံတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို မတ်လ ၂၃ ရက်မှာ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park မှာ ပြုလုပ်မှာဖြစ်ပြီး လုံခြုံရေးတင်းကျပ်သွားမယ်လို့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD