AD
AD
AD
play

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဥက္ကဋ္ဌအသစ်ရွေးချယ်ပွဲကို ဒီနေ့(မတ်လ ၂၂) ရက်က ပြည်သူ့လွှတ်တော်မှာကျင်းပခဲ့ပြီး ကွတ်ခိုင်မဲဆန္ဒနယ်က ဦးတီခွန်မြတ်က လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပြီး နောင်ချိုမဲဆန္ဒနယ်က ဦးထွန်းထွန်းဟိန်က ဒုဥက္ကဋ္ဌအဖြစ် ရွေးချုယ်ခံခဲ့ရပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌလောင်း အဖြစ် ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် နှင့် ပျော်ဘွယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး တို့ အား အမည်စာရင်းတင်သွင်းခဲ့ပြီး စက်ခလုတ်နှိပ် မဲပေးရွေးချယ်ခဲ့ရာ ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးတီခွန်မြတ်က လွှတ်တော်ရဲ့ ဆန္ဒမဲ အရေအတွက် အများဆုံးဖြင့် ရွေးကောက် တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

play
လွှတ်တော်ဥက္ကဋ္ဌသစ် ဦးတီခွန်မြတ် အမှာစကားပြောကြားနေစဉ်။

 

ဦးတီခွန်မြတ် က ထောက်ခံမဲ ၂၈၀ မဲ ၊ ကန့်ကွက်မဲ ၁၂၅ မဲ၊ ကြားနေမဲ ၁ မဲ နဲ့ ထောက်ခံဆန္ဒမဲ အရေအတွက်က များတာကြောင့် ဦးတီခွန်မြတ်(ကွတ်ခိုင် မဲဆန္ဒနယ်) က ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော် ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေး ပါတီဝင်ဟောင်း တစ်ဦးဖြစ်ကာ ၂၀၁၇ ခုနှစ်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီမှ နုတ်ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနေရာအတွက်အဆိုပြုလာတဲ့ နောင်ချိုမဲဆန္ဒနယ်က ဦးထွန်းထွန်းဟိန်နဲ့ မိတ္ထီလာမဲဆန္ဒနယ်က ဒေါက်တာမောင်သင်းတို့ကို စက်ခလုပ်နှိပ်ပြီး မဲပေးရွေးချယ်ခဲ့ရာမှာ နောင်ချိုမဲဆန္ဒနယ်က ဦးထွန်းထွန်းဟိန်က ထောက်ခံမဲ့ ၂၇၀ မဲ၊ ကန့်ကွက်မဲ ၁၃၃ မဲ၊ ကြားနေမဲ ၁ မဲ နဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD