AD
AD
AD

play

 

တောင်ကိုးရီးယားနိုင်ငံ တောင်ဂျွန်ဆန်ပြည်နယ်က စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်ရင်း သေဆုံးသွားခဲ့တဲ့ မြန်မာလုပ်သား ကိုဝင်းထွဋ်ဇော်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သူ့ရဲ့ မိသားစုကလှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုးရီးယားသံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူရဲ့ နှလုံး၊ အသည်းနဲ့ ကျောက်ကပ်တွေထုတ်ယူကာ ကိုးရီးယားလူမျိုး ၄ ဦးကို မတ်လ ၃ ရက်နေ့က အစားထိုးကုသပေးခဲ့ပြီး တောင်ကိုးရီးယားအစိုးရက မြန်မာလုပ်သားကိုဝင်းထွဋ်ဇော်အတွက် ဆေးကုသစရိတ်နဲ့ ဈာပနစရိတ်အဖြစ် ဝမ်ငွေ ၅ ဒသမ ၄ သန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ခန္ဒာကိုယ်အစိတ်အပိုင်းလှူဒါန်းမှုက တစ်နှစ်မှနှစ်ကြိမ်လောက်ဖြစ်ပေါ်လေ့ရှိတယ်လို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

play

 

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး လီဆင်ဝှားက ကိုဝင်းထွဋ်ဇော်ရဲ့ ခန္ဓကိုယ်အစိတ်အပိုင်းတွေ လှူဒါန်းမှုက အင်မတန် မြင့်မြတ်ကြောင်း၊ လူတွေရဲ့နှလုံးသားတွေကို ရိုက်ခတ်လှုပ်ရှားစေခဲ့တယ်လို့ ပြောခဲ့ပြီး မြန်မာလုပ်သားကိုဝင်းထွဋ်ဇော်ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားကာ မြန်မာနိုင်ငံရှိ ကိုးရီးယားအစည်းအရုံးကလည်း ကိုဝင်းထွဋ်ဇော်အမှတ်တရ ပညာသင်ဆုတစ်ခု ချီးမြှင့်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အသက် ၄၄ နှစ်အရွယ်ရှိတဲ့ ကိုဝင်းထွဋ်ဇော်က ၂၀၁၂ ခုနှစ်တည်းက တောင်ကိုးရီးယားနိုင်ငံ တောင်ဂျွန်ဆန်ပြည်နယ် မီလ်ယန်မြို့က မော်တော်ကား အစိတ်အပိုင်းထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်ရင်း ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်က စက်ရုံထဲမှာချော်လဲကာ ဦးခေါင်းကိုထိခိုက်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD