AD
AD
AD
play

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာက အသစ်ပြောင်းလဲကောက်ခံမယ့် အိမ်သုံးမီတာနှုန်းထားတွေကို ထုတ်ပြန်လိုက်ပြီးအဆိုပါနှုန်းထားတွေကို လာမယ့် ဘဏ္ဍာနှစ်စတင်မယ့် ၂၀၁၈ ခုနှစ်ဧပြီလ ၁ နေ့ကနေ စတင်ကောက်ခံသွားမယ်လို့ သိရပါတယ်။

အသစ်ပြောင်းလဲကောက်ခံမယ့် အိမ်သုံးမီတာနှုန်းကထားတွေကို ပုံစံသုံးမျိုးသတ်မှတ်ထားပြီး ကျေးလက်ဒေသသုံး၊ မြို့ငယ်သုံး၊ မြို့ကြီးသုံးဆိုပြီး သုံးမျိုးသတ်မှတ်ထားပါတယ်။

ကျေးလက်ဒေသတွေရဲ့ အိမ်သုံးမီတာတပ်ဆင်ခနှုန်းထားကို ၄၅၀၀၀ ကျပ်၊ မြို့ငယ်သုံးမီတာတပ်ဆင်ခနှုန်းထားကို ၇၅၀၀၀ ကျပ်နဲ့ မြို့ကြီးသုံးမီတာတပ်ဆင်ခ နှုန်းထားကို ၉၀၀၀၀ ကျပ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

play

 

အဆိုပါ မီတာတွေတပ်ဆင်တဲ့နေရာမှာ အာမခံစပေါ်ငွေ ၄၀၀၀ ကျပ်၊ ကြိုးသွယ်ခနဲ့ မီးဆက်ခက ၂၀၀၀ ကျပ်စီနဲ့ ကြီးကြပ်ခနဲ့ မီတာလျှောက်လွှာမှတ်ပုံတင်ကြေးကို တစ်ထောင်စီသတ်မှတ်ထားပါတယ်။

ပြည်တွင်းမှာ သုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အားခတွေကို ကျေးလက်၊ မြို့ပြ၊ ပုံမှန်နဲ့ စက်မှုသုံးဆိုပြီး ပုံစံလေးမျိုးနဲ့ကောက်ခံတာကို ဧပြီလ ၁ ရက်နေ့မှာ စတင်အသုံးပြုသွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မတ်လ ၁၄ ရက်နေ့မှာ ပြောခဲ့ပြီးနောက်ပိုင်း အခုလိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD