AD
AD
AD
play

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အနီးစခန်းရဲကင်းရှေ့မှာ လှည့်ကင်းတာဝန်ထမ်းဆောင်နေတဲ့ အသက်(၄၅)နှစ် အရွယ် ရဲအရာခံတစ်ဦး မတ်လ ၂၁ ရက် ညက ကားတိုက်ခံရပြီး သေဆုံးခဲ့မှုဖြစ်ခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

မန္တလေးဘက်မှ ပြင်ဦးလွင်ဘက်ကို အရှိန်နဲ့ မောင်းနှင်လာတဲ့ Toyota Carena ယာဉ်က မတ်လ ၂၁ ရက် ည ၈ နာရီ ၄၅ မိနစ်လောက်မှာ ဝင်တိုက်ခဲ့တာဖြစ်ပြီး ယာဉ်တိုက်ခံရတဲ့ ရဲအရာခံက ကားစက်ဖုံးပေါ်ပါသွားပြီး ကိုက် ၄၀၀ လောက်အရောက်ပြုတ်ကျခဲ့ကာ ဦးခေါင်းငယ်ထိပ် တစ်လက်မခန့်ပေါက်ပြဲ၊ ယာပါးပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပြီး ပြင်ဦးလွင်ဆေးရုံကို တင်ပို့ကုသတုန်းမှာ သေဆုံးခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကားတိုက်ခံရတဲ့ ရဲအရာခံဇော်မိုးထွန်းက ရဲဗလဘွဲ့ရရှိ ထားသူဖြစ်ပြီး တိုက်မိတဲ့ကားက မောင်းပြေးခဲ့လို့ လိုက်လံဖမ်းဆီးခဲ့ရာမှာ ပြင်ဦးလွင် မြို့ရှောင်လမ်း နှီးဘုရားနားမှာ ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ယာဉ်မောင်းအမျိုးသားကို ပြင်စာရဲကင်းစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၄-(က)မတော်တဆလူသေဆုံးမှု၊ ပုဒ်မ ၂၀၂ ထွက်ပြေးတိမ်းရှောင်မှုတို့နဲ့ အမှုဖွင့်ထားတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD