AD
AD
AD
play

 

ပြီးတဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဥဒိန်​အုပ်​​မြွေကူးတို့ဆိပ်​ရွာ​မှာဖြစ်ပွားခဲ့တဲ့ အသက်နှစ်နှစ်အရွယ် မိန်းကလေး တစ်ဦးကို အဓမ္မကျင့်ပြီး သတ်ဖြတ်မှုကျူးလွန်ခဲ့သူကို  ဒီနေ့(မတ်လ ၂၃ ရက်)မနက်ပိုင်းမှာ ပြင်ဦးလွင်ခရိုင် တရားရုံးက မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီဖြစ်စဉ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ အသက် ၂၅ နှစ်အရွယ်အမျိုးသားကို ရက်ပိုင်းအတွင်းဖမ်းဆီးရမိခဲ့ပြီး ပုဒ်မ ၃၀၂ (၁) (ဂ) နဲ့ စွဲချက်တင်ခဲ့ကာ မတ်လ ၁၂ ရက်မှာ  ပြင်ဦးလွင်ခရိုင်တရားရုံးမှာ စတင်ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး ၁၀ ရက်ကျော်အတွင်း အပြီးသတ်အမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD