AD
AD
AD
play
ဦးဝင်းမြင့်နှင့်အတူတွေ့ရသည့် ဒေါ်စုစုလွင်။

 

ရာထူးကနေ နုတ်ထွက်သွားတဲ့ နိုင်ငံတော်သမ္မတဦးထင်ကျော်အနားယူပြီးနောက်ပိုင်းမှာ ကိုယ်အလေးချိန်ခြောက်ပေါင်ပြန်တက်လာတယ်လို့ ဦးထင်ကျော်ရဲ့ ဇနီးဒေါ်စုစုလွင်က ပြောပါတယ်။ ဒီနေ့ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးခေတ္တရပ်နားချိန်မှာ သတင်းထောက် တွေရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

သမ္မတရာထူးကနေ နုတ်ထွက်ခဲ့တာက ရုတ်တရက်မဟုတ်ဘဲ ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်ခဲ့တဲ့အချိန်ကစပြီး ၀ိတ်တွေပြန်တက်လာတယ်လို့ ဒေါ်စုစုလွင်က ပြောခဲ့တာပါ။

play

 

"ကျန်းမာရေးက ကောင်းတယ်။ ခြောက်ပေါင်တက်လာတယ်။ လူမှုကွန်ရက်ပေါ်မှာ ဆုတောင်းပေးတဲ့သတင်းတွေ အန်တီတို့မြင်ရပါတယ်။ အဲဒီလိုအန်တီတို့အတွက် စိတ်ပူပေးတဲ့သူတွေ၊ ဆုတောင်းပေးတဲ့သူတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျန်းမာရေးအတွက် မစိုးရိမ်ပါနဲ့လို့ပြောချင်ပါတယ်"လို့ ဒေါ်စုစုလွင်က ပြောပါတယ်။

ခင်ပွန်းဖြစ်သူ နိုင်ငံတော်သမ္မတရာထူးကနေ အနားယူခဲ့ရတာက ကိုယ်ပိုင်ဆန္ဒကြောင့်ဖြစ်ပြီး အနားယူဖို့သင့်တယ်ဆိုတဲ့ ယူဆချက်ကြောင့် အနားယူခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ပင်စင်ကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေကမေးမြန်းတာကို"အန်တီက အဲဒါတွေမသိဘူး၊ ပင်စင်တွေဘာတွေ စိတ်မ၀င်စားဘူး၊ ဘယ်တုန်းကမှ အန်တီတို့က ပင်စင်အတွက်ပဲဖြစ်ဖြစ်၊ ဘာအခွင့်အရေးအတွက်ပဲဖြစ်ဖြစ်၊ စဉ်းစားထားတဲ့သူတွေ မဟုတ်ပါဘူး၊ အန်တီတို့က တိုင်းပြည်အတွက် အစ်မပြောသလိုပဲ ကိုယ်ဘာပေးနိုင်မလဲပဲစဉ်းစားတယ်"လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD