AD
AD
AD
play

 

ရုပ်ရှင်တွေရဲ့ သြဇာက လူသားတွေအပေါ်ကို လွှမ်းမိုးမှုက အရေးကြီးပြီး ရုပ်ရှင်လောကကို လွှမ်းမိုးနိုင်တဲ့ ဖျော်ဖြေရေးကဏ္ဍမရှိဘူးလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပြီး ရုပ်ရှင်လောကကို လျစ်လျူရှုမထားဘူးလို့ ဆိုလိုက်ပါတယ်။

ဒီနေ့ညနေပိုင်းက ရန်ကုန်မြို့မင်းဓမ္မလမ်းက MCC မှာ ကျင်းပခဲ့တဲ့ ၂၀၁၇ အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အဖွင့်အမှာစကားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ရုပ်ရှင်လောကထဲက ကျမတို့ရဲ့ သားတွေ၊ သမီးတွေကို လျစ်လျူရှုထားတာဟုတ်ဘူးလို့ ပြောချင်ပါတယ်။ နိုင်ငံရေးလောကမှာ မှန်မှန်ကန်ကန် လှုပ်ရှားဖို့အတွက် အနုပညာရှင်တွေရဲ့ ပံ့ပိုးမှုက အင်မတန်မှတန်ဖိုးရှိပါတယ်။ အခုခေတ်မှာ ရုပ်ရှင်လောကလွှမ်းမိုးနိုင်တဲ့ ဖျော်ဖြေရေးကဏ္ဍ မရှိဘူးလို့ ကျမယုံကြည်တယ်။ နိုင်ငံရေးလောကမှာ မှန်မှန်ကန်ကန်လှုပ်ရှားဖို့အတွက် အနုပညာရှင်တွေရဲ့ ပံ့ပိုးမှုက အင်မတန်မှ တန်ဖိုးရှိပါတယ်"လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောခဲ့ပါတယ်။

play

 

ဒါ့အပြင် ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်အနေနဲ့ကူဖို့လိုသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အာမခံခဲ့ပြီး နည်းပညာ၊ အရည်အချင်း၊ လိုအပ်တဲ့ ပစ္စည်း စတာတွေကို တတ်နိုင်သလောက် ပံ့ပိုးပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့လည်း ရုပ်ရှင်လောကကို  အကျိုးအမြတ်အတွက်မဟုတ်ဘဲ နိုင်ငံအတွက်ဆိုတဲ့ စိတ်နဲ့ အားပေးကြပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့ပါတယ်။

ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြောင်းရဲတဲ့သတ္တိ၊ ပြောင်းတတ်တဲ့ပညာနဲ့ ပြောင်းလဲခြင်းနဲ့ နိုင်ငံကို အကျိုးပြုစေချင်တဲ့ စိတ်ဓာတ်တွေနဲ့ ပြည့်ဝဖို့လိုတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD