AD
AD
AD
play

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အတိုင် ပင်ခံကောင်စီဖွဲ့စည်းကြောင်း ကြေညာချက်တစ်ခု မတ်လ ၂၄ ရက်မှာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာက ထုတ်ပြန်ချက်အတုသာဖြစ်ပြီး အောက်လမ်းနည်းနဲ့တိုက်ခိုက်တာလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဝေဖန်ပြောကြား လိုက်ပါတယ်။

"ဒါတွေကတော့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်တဲ့ အောက် လမ်းနည်းတွေလို့ပဲ ပြောချင်ပါ  တယ်။ ပြည်သူလူထုတွေရဲ့ယုံ ကြည်မှုကိုရအောင်၊ ထောက်ခံမှု ရအောင်လုပ်တဲ့နိုင်ငံရေးမျိုးကိုပဲ ကြိုးစားကြပါလို့။ ကျွန်တော်က တော့ ဒါပဲ ပြောချင်ပါတယ်’’လို့ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

play
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ကြေညာချက်အတု။

 

ပြည်ပကနေ ပြန်လည်ရောက်ရှိလာတဲ့ ဦးဝင်းထိန်၊ သူရဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ ဦးတီခွန်မြတ်တို့ပါဝင်တဲ့ ဒီချုပ် ဗဟိုအလုပ်အမှုဆောင်အတိုင် ပင်ခံကောင်စီဖွဲ့စည်းကြောင်း ကြေညာချက်က ဒီချုပ်ဗဟိုအလုပ်အမှု ဆောင်အစည်းအဝေးပြုလုပ်တဲ့ နေ့တွေမှာအချိန်ကိုက်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီချုပ်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့အစည်းအဝေးကို မတ်လ ၂၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပေမယ့် မည်သည့်ကြေညာချက်၊ ထုတ်ပြန်ချက်ကိုမှ ထုတ်ပြန်ခြင်းမရှိဘဲ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ကြေညာချက်က အတုဖြစ်တယ်လို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဖေ့စ်ဘွတ်ခ်စာမျက်နှာ (National League for Democracy) မှာ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD