AD
AD
AD
play

 

နိုင်ငံတော်ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံခြင်းရှိ၊ မရှိ စိစစ်မည့်အဖွဲ့ကို အဖွဲ့ဝင်ခုနစ်ဦးနဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စိစစ်ရေးအဖွဲ့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့မှ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေပါဝင်ပြီး ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ ဒေါ်ခင်စန်းလှိုင်၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဦးအောင်ကြည်ညွန့်နဲ့ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ ဗိုလ်ချုပ်သန်းစိုးတို့ ပါဝင်ပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အဆိုပါအဖွဲ့ဖွဲ့စည်းတာကို မတ်လ ၂၃ ရက်စွဲနဲ့  ထုတ်ပြန်လိုက်တာဖြစ်ပြီး စိစစ်ရေးအဖွဲ့အနေနဲ့ ဒုတိယသမ္မတအဖြစ် တင်မြှောက်ခံထားရတဲ့ ဦးဝင်းမြင့်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉ ပါနိုင်ငံတော်သမ္မတ အရည်အချင်းတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ စိစစ်မှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (က) မှာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတွေက တိုင်းရင်းသား နိုင်ငံသားမိဘနှစ်ပါးက နိုင်ငံပိုင်နက်အတွင်း မွေးဖွားသူဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားပြီး သမ္မတအဖြစ်ရွေးချယ် တင်မြှောက်ခံရချိန်နဲ့ တစ်ဆက်တည်း နိုင်ငံအတွင်း အနည်းဆုံးနှစ် ၂၀ အခြေချနေထိုင်သူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

ဦးဝင်းမြင့်က အဆိုပါသမ္မတအရည်အချင်းတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ စိစစ်ရေးအဖွဲ့ လေ့လာတွေ့ရှိချက်ကို မတ်လ ၂၆ ရက်မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်ကို တင်ပြမည်ဖြစ်ပါတယ်။  ကိုက်ညီမှုရှိပါက လက်ရှိ ဒုတိယသမ္မတနှစ်ဦးအပါအဝင် သုံးဦးထဲကတစ်ဦးကို နိုင်ငံတော် သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ မဲပေးရွေးချယ်မှာ ဖြစ်ပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD