AD
AD
AD
play

 

ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာနားက ပင်လယ်ပြင်မှာ စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့အတူ ဘင်္ဂါလီ ၅ ဦးကို ဖမ်းမိခဲ့ပြီး ကျန်ဘင်္ဂါလီ နှစ်ဦးက ရေထဲကို ခုန်ချထွက်ပြေးသွားတယ်လို့ သိရပါတယ်။

မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက မသင်္ကာဖွယ်စက်လှေတစ်စီးကို တပ်မတော်ရေက မီးအချက်ပြပြီး ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်ပြေးခဲ့လို့ လိုက်လံဖမ်းဆီးခဲ့ရာမှာ ဘင်္ဂါလီ ၅ ဦးကို မူးယစ်ဆေးဝါး ၇ သိန်းကျော်နဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတွေကို ဆာလာအိတ်ကြီး (၅)အိတ်နဲ့ ထုတ်ပိုးတင်ဆောင်လာတဲ့ ၂၈ ကောင်အင်ဂျင်တပ်စက်လှေကို ဘင်္ဂါလီ ၅ ဦးနဲ့ အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

play

 

မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီ ၅ ဦးမှာ ပေါက်တောမြို့နယ် စစ်ကဲပြင်ရွာမှ မာမွတ်အီနို၊ မာမွတ်ရိုးရှီး၊ မာမွတ်အာမီ၊ ဟော်ဘီ၊ အာရူလော့ တို့ဖြစ်ပြီး စက်လှေပေါ်ကနေ ခုန်ဆင်းထွက်ပြေးသွားသူနှစ်ဦးက စစ်ကဲပြင်ရွာနဲ့ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ စက်လှေနဲ့ မူးယစ်ဆေးဝါး ၇ သိန်းကျော်တို့ရဲ့ ပိုင်ရှင်က ပေါက်တောမြို့နယ် စစ်ကဲပြင်ကျေးရွာမှ ဘင်္ဂါလီလူမျိုး ဦးရှောက်ဆိုသူရဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ စစ်ဆေးမှုတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ ညနေပိုင်းကလည်း ရသေ့တောင်မြို့နယ် အငူမော် ဆိပ်ကမ်းမှာ ကျပ်သိန်းပေါင်းတစ်သောင်းခြောက်ထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးတွေကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Source & Photos : DMG

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD