AD
AD
AD
play
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း(၂) ကိုတွေ့ရစဉ်။ Photo : Wai Linn

 

ရန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေရောင်းချတဲ့ တန်ဖိုးနည်းအိမ်ရာ လျောက်လွှာဝယ်ယူခွင့်ကို မတ်လကုန်အထိ တိုးမြင့်လိုက်တယ်လို့ သိရပါတယ်။ လျှောက်လွှာဝယ်ယူခွင့်ကို အရင်က ဖေဖော်ဝါရီလ (၁၆) ရက်ကနေ မတ်လ (၁၆)ရက်နေ့အထိ သတ်မှတ်ထားပေမယ့် အခုမတ်လကုန်ထိ သတ်တမ်းတိုးမြှင့်ခဲ့တာပါ။

ဝယ်ယူမယ့်ပြည်သူတွေအနေနဲ့ သန်းခေါင်စာရင်းရှိရမှာဖြစ်ပြီး အိမ်ထောင်စုတစ်စုတွင် တစ်ဦးသာလျှောက်ခွင့်ရှိကာ လျှောက်လွှာတွေကို စည်းကမ်းချက်နဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးပြီး အမြန်ဆုံးနေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ပြည်သူ့အိမ်ယာ ရောင်းချရေး ကော်မတီဝင် ဦးညီညီ ကပြောပါတယ် ။

လျှောက်လွှာတွေမှာ အများပြည်သူ၊ ဝန်ထမ်းအငြိမ်းစားနဲ့ ကုမ္ပဏီဝန်ထမ်းဆိုပြီးလျှောက်လွှာပုံစံအမျိုးအစား လေးမျိုး ခွဲခြားထားကာ လျှောက်ထားသူတွေအနေနဲ့ အိမ် ဒါမှမဟုတ် မြေပိုင်ဆိုင်မှုမရှိကြောင်း လက်ရှိနေထိုင်တဲ့ မြို့နယ်တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ထောက်ခံချက်ပါရှိရမယ်လို့အိမ်ရာဝယ်ယူခွင့်လျှောက်လွှာမှာ ဖော်ပြထားပါတယ်။

play
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း(၂) ကိုတွေ့ရစဉ်။ Photo : Wai Linn

 

လျှောက်လွှာဝယ်ယူခွင့်ကို အရှေ့ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်ဆိုပြီး သတ်မှတ်ထားကာ သက်ဆိုင်ရာ မြို့နယ်တွေမှာ ခရိုင်အလိုက် အလျောက်လွှာတစ်စောင်ကို ကျပ်တစ်သောင်း (၁၀၀၀၀ိ) ဖြစ်ရောင်းချပေးနေတာဖြစ်ပါတယ်။

အိမ်ယူလျှောက်ထားသူရဲ့ မိသားစု ပျမ်းမျှလစဉ် ဝင်ငွေမှာ ကျပ်သုံးသိန်းကနေ တစ်ဆယ့်နှစ်သိန်းထိ ရှိရမှာဖြစ်ပါတယ်။ ရန်ကုန်တို်င်းဒေသကြီး အစိုးရက ရောင်းချမယ့်အိမ်ယာတွေက ဒဂုံမြို့သစ်တောင်ပိုင်းက အင်းဝအိမ်ရာ ၊ ကောင်းစံသာအိမ်ရာ ၊  ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း (၁) (၂) ၊ ကနောင်အိမ်ရာ ၊ သင်္ကန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း အိမ်ရာ ၊ ထီးလှိုင်အိမ်ရာ ၊ ရွှေပြည်သာမြို့နယ်ရှိ Shop House တွေနဲ့  မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာ တို့ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD