AD
AD
AD
play

 

လှိုင်သာယာမြို့နယ်၊  အပြင်ပဒံကျေးရွာ၊ ရွှေသံလွင်စက်မှုဇုန်၊ ဧရာဝတီလမ်းဘေး ၀ဲ/ယာမှာရှိတဲ့ လူနေအိမ် ကျူးကျော်တဲတွေ မတ် ၂၆ ရက်နေ့ မနက် ၂ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 1 မီးသတ်ယာဉ်အုပ်စုတွေနဲ့ သွားရောက် ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

play

 

မီးလောင်တဲ့နေရာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်(၁၀)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးတို့နဲ့ သွားရောက်ငြိမ်းသတ်ခဲ့ရပြီး မနက် ၀၂း၃၀ အချိန်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

play

 

မီးလောင်မှုဖြစ်စဉ်ကြောင့် ကျူးကျော်နေအိမ် (၅၀)ခန့် မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုစာရင်းကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၃ ရက်နေ့ကလည်း ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်လှိုင်သာယာစက်မှုဇုန် ၄ ရှေ့က ကျူးကျော်တဲတစ်ခုမှာ ထင်းမီးနဲ့ ရေနွေးအိုးတည်ရာကနေ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး လေဖြန်းရောဂါသည် အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ ကျူးကျော်နေအိမ် ၈၃ လုံး မီးလောင်ပျက်စီးခဲ့တယ်ပါတယ်။

Source : MFSD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD