AD
AD
AD
play

 

နိုင်ငံတော်သမ္မတသစ် ရွေးချယ်တင်မြှောက်ပွဲကျင်းပမယ့်ရက်ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဒီနေ့ မတ်လ ၂၆ ရက်မှာ ကြေညာမယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီအစည်းအဝေးမှာ ရွေးကောက်ခံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က တင်ပြထားတဲ့ ဒုတိယသမ္မတက နိုင်ငံတော် သမ္မတရာထူးအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံခြင်းရှိ၊မရှိ စိစစ်တဲ့အဖွဲ့ရဲ့ စိစစ်တွေ့ရှိချက်ကိုလည်း တင်ပြသွားမယ်လို့ ဆိုပါတယ်။

ဦးထင်ကျော်က သမ္မတရာထူးကနေ မတ်လ ၂၁ ရက်နေ့က နှုတ်ထွက်သွားတာကြောင့် လစ်လပ်သွားတဲ့သမ္မတနေရာအတွက် ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပတာလည်း ဖြစ်ပါတယ်။

နိုင်ငံတော်ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံခြင်းရှိ၊ မရှိ စိစစ်မည့်အဖွဲ့ကို အဖွဲ့ဝင်ခုနစ်ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

အဆိုပါ စိစစ်ရေးအဖွဲ့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့မှ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေပါဝင်ပြီး ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ ဒေါ်ခင်စန်းလှိုင်၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဦးအောင်ကြည်ညွန့်နဲ့ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ ဗိုလ်ချုပ်သန်းစိုးတို့ ပါဝင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD