AD
AD
AD
play

 

နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို လာမယ့် မတ်လ ၂၈ ရက်မှာကျင်းပမယ်လို့ ဒီနေ့ (မတ်လ ၂၆ ရက်) မှာပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ကြေညာလိုက်ပါတယ်။

အဆိုပါနေ့မှာကျင်းပယ့် သမ္မတရွေးချယ်တင်မြှောက်ပွဲမှာ လက်ရှိယာယီသမ္မတအဖြစ်တာဝန်ယူထားသူ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့  ဦးဝင်းမြင့်တို့ သုံးဦးတို့ သုံးဦးထဲကနေ တစ်ဦးကို ရွေးချယ်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပမယ့် သမ္မတရွေးချယ်တင်မြှောက်ပွဲမှာ မဲအများဆုံးရသူက သမ္မတဖြစ်လာမှာဖြစ်ပြီး ကျန်နှစ်ဦးမှာ မဲအရေအတွက်အလိုက် ဒုတိယသမ္မတ (၁) နဲ့ ဒုတိယသမ္မတ ( ၂) တို့ ဖြစ်လာမည် ဖြစ်ပါတယ်။

ဦးထင်ကျော်က သမ္မတရာထူးကနေ မတ်လ ၂၁ ရက်နေ့က နှုတ်ထွက်သွားတာကြောင့် လစ်လပ်သွားတဲ့သမ္မတနေရာအတွက် ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပတာလည်း ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ရာထူးနေရာမှာ ဒုတိယဥက္ကဌဖြစ်တဲ့ ဦးတီခွန်မြတ် ( ကွတ်ခိုင်မဲဆန္ဒနယ်) ကို ပြည်သူ့လွှတ်တော်ကနေ ရွေးချယ် တင်မြှောက်ခဲ့ပြီး ဒုတိယဥက္ကဌနေရာမှာ နောင်ချိုမဲဆန္ဒနယ်မှ ဦးထွန်းထွန်းဟိန် ( ဥပဒေကြမ်းကော်မတီ ဥက္ကဌဟောင်း) ကို ရွေးချယ်တင်မြှောက်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD